1. Home
  2. International News

အာကာသထဲက အမျိုးသမီးတွေကို လှမ်းဆဲတယ်လို့ ထရမ့် စွပ်စွဲခံနေရ(ရုပ်သံ)

International News ต.ค. 22, 2562 view 1,622

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ပြုပြင်ဖို့ရောက်ရှိနေတဲ့ အမေရိကန် အမျိုးသမီး အာကာသယာဉ်မှူးနှစ်ဦးဖြစ်တဲ့ Jessica Meir နဲ့ Christina Koch တို့နှစ်ဦးနဲ့ ဆက်သွယ်စကားပြောစဉ်မှာ လက်ခလယ်ထောင်ပြတဲ့ အမူအယာနဲ့ အသံတိတ် ဆဲဆိုခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဒေါ်နယ်ထရမ့်က သူတို့နှစ်ဦးနဲ့ စကားပြောစဉ်မှာ ချီးမွမ်းတဲ့အနေနဲ့ “မင်းက တစ်ကယ်တော်တဲ့သူပါပဲ၊ အာကာသယာဉ်ရဲ့ အပြင်ဘက် အစိတ်အပိုင်းတွေကို အစားထိုးလဲပေးဖို့ အာကာသထဲမှာ လမ်းလျှောက်တဲ့ ပထမဦးဆုံး အမျိုးသမီးပါပဲ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

တစ်ကယ်တော့ အာကာသထဲမှာ အမျိုးသမီးအာကာသယာဉ်မှူးတွေ ၁၉၈၄ ခုနှစ်ကတည်းက လမ်းထွက်လျှောက်ခဲ့ကြတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အမျိုးသမီးအာကာသယာဉ်မှူး ၁၄ ယောက်ထိ အာကာသထဲလမ်းလျှောက်ခဲ့ပြီးဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Jessica Meir က ပြန်ပြင်ပေးတဲ့အနေနဲ့ “ကျွန်မတို့အနေနဲ့ အရမ်းကြီး ဂုဏ်မယူထိုက်ပါဘူး ဘာလို့လဲဆိုတော့ အရှေ့မှာ အမျိုးသမီးအားကာသယာဉ်မှူးတွေ အတော်များများ အာကာသထဲ လမ်းထွက်လျှောက်ခဲ့ပြီးလို့ဖြစ်ပါတယ်” လို့ ပြန်ပြောလိုက်တဲ့အခါ ထရမ့်က သူ့ရဲ့ ညာဘက်လက်ခလယ်ကို ထောင်ပြီးဆံပင်သပ်သလိုလို ဘာလိုလိုနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကို တီဗီရိုက်ကူးသူတွေ သတင်းစာဆရာတွေက ကောင်းကောင်းမြင်လိုက်ကြပါတယ်။

လူအတော်များများက ထရမ့်ရဲ့ တုံ့ပြန်မှုနဲ့ ပက်သက်ပြီး တွစ်တာမှာ ပြောဆိုဝေဖန်မှုတွေရှိနေတာကို တွေ့ရပါတယ်။



Follow us on