1. Home
  2. International News

အသတ်ခံရမှာစိုးလို့ ဖိလစ်ပိုင်တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံတဲ့ အီရန်အလှမယ်

International News ต.ค. 23, 2562 view 1,609

အီရန်အလှမယ် သွားဘက်ဆိုင်ရာဆေးကျောင်းသူ Bahareh Zare Bahari ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်လာစဉ် Ninoy Aquino လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရပါတယ်။ ၆ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် သူမအား ​နေရပ်သို့ ပြည်နှင်ဒဏ်မပေးရန်၊ ပြည်နှင်ဒဏ်ပေးပါက သူမအနေနဲ့ ကွပ်မျက်ခံရမည်ဖြစ်တဲ့အတွက် ဖိလစ်ပိုင်တွင် နိုင်ငံရေးခိုလှုံခွင့်ပြုပါရန် တောင်းခံထားကြောင်း သိရသည်။

Bahareh ဟာ ၂၀၁၈ ခုနှစ်က ဖိလစ်ပိုင်နိုင် မနီလာမြို့မှာ ပြုလုပ်ခဲ့တဲ့ 2018 Miss Intercontinental ပြိုင်ပွဲဝင်အလှမယ်တစ်ဦးအဖြစ် အီရန်နိုင်ငံကို ကိုယ်စားပြုလာရောက်ယှဉ်ပြိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် အလှမယ်ကို အီရန်အာဏာပိုင်များက ကြီးမားသောလိမ်လည်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီးနောက် နိုင်ငံတကာသို့ အလိုရှိတရားခံအဖြစ်နဲ့ သတင်းပေးပို့ထားခဲ့တာဖြစ်ပါတယ်။ Bahareh ဟာ အစ္စလာမ်ဘာသာရေးနဲ့ပက်သက်ပြီး သူမရဲ့အမြင်တွေနဲ့ အမျိုးသမီးများအရေးကို တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ပစ်မှတ်ထားကာ စောင့်ကြည့်ခံထားရပါတယ်။

“ကျွန်မကို ပြန်ပို့ရင် သူတို့သတ်ကျလိမ့်မယ်၊ အခုဘာကြောင့်ဖမ်းတယ်ဆိုတာလည်း သေချာမသိရသေးပဲနဲ့ ထိန်းသိမ်းခံနေရတာ ၆ ရက်ရှိပြီ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင် အာဏာပိုင်တွေကတော့ သူမနဲ့ပက်သက်ပြီး အနီရောင်အဆင့် အချက်ပေးပို့ခံထားရတာကြောင့် ထိမ်းသိမ်းထားရတာဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း ဖိလစ်ပိုင် တရားရေးဌါနက Markke Perete က “ကျွန်တော်တို့အနေနဲ့ သူမနိုင်ငံထဲ ဝင်ရောက်လာတဲ့ကိစ္စဟာ ကျွန်တော်တို့ရဲ့ ဥပဒေကိုချိုးဖောက်တာ မဟုတ်လို့ တားမြစ်စရာ အကြောင်းမရှိပါဘူး” လို့ဆိုပါတယ်။

Bahareh ရဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုကိုလည်း တရားဝင်လက်ခံရရှိထားပြီး သုံသပ်နေကြောင်း သိရသည်။ Bahareh ဟာ ဖိလစ်ပိုင်နိုင်ငံထဲမှာ ရောက်ရှိနေတဲ့ အီရန်လူမျိုးအချို့ ရင်ဆိုင်ခဲ့ရတဲ့ အလာတူပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ လေဆိပ်ရဲ့ Terminal 3 ထဲမှာ ကန့်သတ်ထိန်းသိမ်းခံထားရပြီး ပြန်ပိုခံရရင် အနည်းဆုံးထောင်ဒဏ် ၂၅ နှစ် ဒါမှမဟုတ် အသက်ဆုံးရှုံးရမယ့်အရေးအတွက် စိုးရိမ်ပူပန်နေပါတယ်။



Follow us on