1. Home
  2. International News

ညီမဖြစ်သူရဲ့ အလှအပကို မနာလိုဖြစ်ပြီး အစ်မရင်းမှ ရက်စက်စွာ သတ်ဖြတ်

International News ต.ค. 29, 2562 view 1,827

မနာလိုစိတ်ဟာ သိပ်ကိုကြောက်စရာကောင်းပါတယ်။ ဒီစိတ်မျိုးဝင်လာပြီဆိုရင် တစ်မအေထဲမွေးတဲ့ ညီအစ်ကိုမောင်နှမရင်းချာတွေတောင် စိတ်ရိုင်းဝင်လာတတ်ပါတယ်။ ရုရှားနိုင်ငံက အသက် ၂၂ နှစ်အရွယ် အစ်မဖြစ်သူက ညီမအရင်းဖြစ်ပြီး မော်ဒယ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ် ညီမအရင်းကို ရက်စက်စွာ ဓားဖြင့်အချက်ပေါင်း ၁၈၉ ချက်ထိုးကာ သတ်ဖြတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သူမရဲ့ ညီမအပေါ် မနာလိုမုန်းထားစိတ်နဲ့ ရက်စက်မှုတွေက ဒီလောက်နဲ့တင် ရပ်တန့်မသွားခဲ့ပါဘူး။

Elizaveta Dubrovina ၂၂ ဟာ ညီမရင်းဖြစ်တဲ့ Stefania ၁၇ နှစ်ကို ရက်စက်စွာသတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ် ၁၃ နှစ် ကျခံစေရန် ရုရှားနိုင်ငံ စိန့်ပီတာစဘက်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပါတယ်။

အစ်မ Elizaveta (ဝဲပုံ) ညီမ Stefania (ယာပုံ)

တရားရုံး၏ မှတ်တမ်းများအရ ညီမဖြစ်သူ၏ ချောမောလှပမှုကို မနာလိုဖြစ်ပြီး ဓားနဲ့အချက်ပေါင်းများစွာထိုးခဲ့ပြီးနောက် မျက်လုံးများကိုလည်း ထိုးဖောက်ကာ နားရွက်များ ဖြတ်တောက်ခဲ့ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ညီမဖြစ်တဲ့ Stefania ဟာ ဒဏ်ရာများစွာရပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

လူသတ်မှုဟာ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး Elizaveta ကို စိတ်ရောဂါကုဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီးမှ အမှုကို တရားရုံးတင် စစ်ဆေးခဲ့တဲ့အတွက် နှစ်နဲ့ချီကြာခဲ့ရပါတယ်။ နောက်ဆုံးမှဦတော့ Elizaveta ဟာ လူသတ်မှုအတွက် ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၁၃ နှစ်ကျခံရမှာဖြစ်ပါတယ်။

Stefania ဟာ သူမချစ်သူ Alexey Fateev (ယခုအသက် ၄၄ နှစ်) ရဲ့ အိမ်မှာ သူမရှိတုန်း  အစ်မဖြစ်သူရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။



Follow us on