1. Home
  2. International News

ဆီးဂိမ်းမှာ လွဲချော်မှုတွေကြောင့် သမ္မတဒူတာတေး ဒေါသအိုးပေါက်ကွဲ

International News พ.ย. 28, 2562 view 1,656

၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ SEA Games 2019 ကို ဖိလစ်ပိုင်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံပြုလုပ်ခဲ့ရာ နိုင်ငံတစ်ကာကလာရောက်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေအပေါ် ဧည့်ဝတ်မကျေပွန်မှု၊ လွဲချော်မှုသတင်းတွေကြောင့် ဖိလစ်ပိုင်သမ္မတဒူတာတေး အကြီးအကျယ်ဒေါသထွက်နေကြောင်း Malacanang Palace က အင်္ဂါနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သမ္မတက ပွဲစီစဉ်သူတွေကို အခုလိုအဆင်မပြေဖြစ်နေတဲ့ ပြဿနာတွေအတွက် နောက်ထပ် အရန်အစီစဉ်များ စီစဉ်ထားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ နိုင်ငံတစ်ကာက အားကစားသမားတွေ အဆင်မပြေကြဘူးဆိုတဲ့အကြောင်းတွေ တရစပ်ပေါ်လာပြီး ဒီသတင်းတွေက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာ အစည်းအဝေးတက်နေတဲ့ သမ္မတရဲ့ နားထဲထိပေါက်သွားခဲ့တယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ Salvador Panelo က ပြောကြားခဲ့ပါတယ်။

Salvador Panelo

“သမ္မတက ဒီအဖြစ်အပျက်တွေအပေါ်မှာ ဒေါသထွက်နေပါတယ်” လို့ Panelo က အင်္ဂါနေ့က အင်တာဗျူးအစီစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒီပြဿနာတွေကို SEA Games ပြီးသွားတာနဲ့ ချက်ခြင်း စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ Panelo ကို ညွှန်ကြားထားပါတယ် ဒါအပြင် အခုလို ရှုပ်ထွေးမှုတွေဖြစ်အောင် လုပ်တဲ့သူတွေကို သက်သေနဲ့တစ်ကွစစ်ဆေးဖော်ထုတ်ပြီးပါက အပြစ်ပေးဖို့ ခွင့်ပြုမိန့်ပါ ပေးလိုက်ကြောင်း Philippine Daily Inquirer သတင်းစာတွင် ဖော်ပြပါရှိသည်။



Follow us on