1. Home
  2. International News

အသက် ၃၄ နှစ်နဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသူ

International News ธ.ค. 10, 2562 view 1,710

ဖင်လန်နိုင်ငံက ပို့ဆောင်ဆက်သွယ်ရေးဝန်းကြီးဌါနရဲ့ ဝန်ကြီးချုပ်အဖြစ် အသက် ၃၄ နှစ်အရွယ် ‘ဆန်နာ မရင်း’ က ရွေးချယ်ခံခဲ့ရပြီး ယခုသီတင်းပတ်မှာ အလုပ်တာဝန်များ စတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ ‘ဆန်နာ မရင်း’ ဟာ ဖင်လန်နိုင်ငံမှာရှိတဲ့ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

‘မရင်း’ ဟာ သူမရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကနေ ရွေးချယ်တင်မြောက်ခံခဲ့ရတာဖြစ်ပြီး နှုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ‘အန်တီ ရီနေး’ ရဲ့နေရာမှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ သူမရဲ့ အဓိကရည်မှန်းချက်ကတော့ ယခင်ဝန်ကြီးချုပ်ဟောင်း ‘ရီနေး’ တာဝန်ထမ်းဆောင်စဉ်က ယာယီညွန့်ပေါင်းအစိုးရနဲ့ ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေအတွက် ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ဖို့ဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ ယုံကြည်မှုပြန်ရဖို့ ရှေ့မှာအများကြီးလုပ်စရာတွေရှိနေပါတယ်” လို့ Business Insider သတင်းဌါနကို ပြောကြားခဲ့ပါတယ်။ သူမဟာ မကြာခင်မှာ ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ နယူးဇီလန်ဝန်ကြီးချုပ် ‘ဂျာဆင်ဒါ အာဒန်’ ၃၉ နှစ်၊ ယူကရိန်းဝန်ကြီးချုပ် ‘အိုးဆီဟွန်ချရ်ခ်’ ၃၅ နှစ်တို့နဲ့အတူတူ အသက်ငယ်ဆုံး ဝန်ကြီးချုပ်စာရင်းမှာ မှတ်တမ်းဝင်သွားတော့မှာဖြစ်ပါတယ်။

မိခင်တစ်ယောက်လည်းဖြစ်တဲ့ ‘ဆန်နာ မရင်း’ ဟာ သူမရဲ့ အသက်အရွယ်နဲ့ အမျိုးသမီးဖြစ်နေရခြင်းတို့က သူမရဲ့ရည်မှန်းချက်တွေကို အတားအဆီးမဖြစ်စေခဲ့ပဲ ဆက်တိုက်လှုပ်ရှား ကြိုးစားခဲ့သူဖြစ်ပါတယ်။ တန်းတူညီမျှရေး၊ လွပ်လပ်ခွင့်၊ တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ စွမ်းစွမ်းတမံလှုပ်ရှားဆောင်ရွက်ရာကနေ ရှေ့တန်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။ သူမအသက် ၂၇ နှစ်အရွယ်မှာ မွေးရပ်ဇာတိမြို့ ‘တမ်ပရီ’ မှာ မြို့တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရပါတယ်။



Follow us on