1. Home
  2. International News

၂၀၂၀ မှာ လကမ္ဘာပေါ်ကို ခြေချနိုင်ဖို့ ပြင်ဆင်နေတဲ့ အိန္ဒိယ

International News ม.ค. 02, 2563 view 1,625

အိန္ဒိယနိုင်ငံဟာ လကမ္ဘာခရီးစဉ်ကို တတိယအကြိမ်မြောက် သွားရောက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လကမ္ဘာရဲ့ မျက်နှာပြင်ပေါ်မှာ ယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အခုလို သွားရောက်လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အာကာသအေဂျင်စီရဲ့ဥက္ကဌ K Sivan က “ Chandrayaan-3 မောင်းသူမဲ့မစ်ရှင် လို့ခေါ်တဲ့  လကမ္ဘာသို့ သွားရောက်မယ် ခရီးစဉ်ဟာ  အဆင်ပြေနေပါတယ်။ လာမယ့် ၂၀၂၀ မှာ အောင်မြင်စွာ သွားရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” ပြောဆိုလိုက်ပါတယ်။

ဒီမစ်ရှင်သာ အောင်မြင်ခဲ့ပါက အိန္ဒိယနိုင်ငံဟာ လကမ္ဘပေါ်မှာ ခြေချနိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်နည်းပါးစွာဖြင့် အာကာသကို ရောက်ရှိတဲ့ နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

အခုချိန်အထိတော့ လကမ္ဘပေါ်ကို ရုရှား ၊ တရုတ် ၊ အမေရိကန် တို့သာ လကမာ္ဘပေါ်ကို အောင်မြင်စွာ ခြေချနိုင်သေးတာ ဖြစ်ပါတယ်။

Source ; BBC

 



Follow us on