1. Home
  2. International News

အီရန်တွင် ပျက်ကျသောလေယာဉ်မှ Black Boxe များ တွေ့ပြီ

International News ม.ค. 09, 2563 view 1,632

ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက အီရန်နိုင်ငံ တီဟီရန်မြို့တော် လေဆိပ်မှ ထွက်ခွာပြီး မကြာမီမှာ ပျက်ကျခဲ့သည့် ယူကရိန်းလေကြောင်းလိုင်းမှ ဘိုးရင်း 737 ၏ Black Boxes များကို ရှာတွေ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ် ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းမှုများပြုလုပ်ရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံရဲ့ အတွင်းရေးမှူး ‘မိုက်ခ်ပွန်ပီအို’ က ဇန်နဝါရီ (၈)ရက်နေ့က ပြောကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေအရ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် အီရန်ပေါ်မှာ တာဝန်အပြည့်ရှိနေပြီး လေယာဉ်ပေါ်မှ အသံဖမ်းစက် Black Box နှစ်လုံးစလုံးကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း အီရန်သတင်းရုပ်သံမှ ပြောကြားခဲ့ပါတယ်။

အီရန်အစိုးရ၏ သတင်းဌါနတစ်ပိုင်းဖြစ်နေသော Merh သတင်းအေဂျင်စီရဲ့ ဖော်ပြချက်မှာတော့ အီရန်လေကြောင်းထိန်းသိမ်းရေးအဖွဲ့အစည်းအနေနဲ့ Black Box တွေကို ဘယ်နိုင်ငံပို့ပြီး စစ်ဆေးမယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးကြောင်း၊ ဘိုးရင်းကုမ္ပဏီဟာ အမေရိကန် အခြေစိုက်ဖြစ်ပြီး အီရန်နဲ့ သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် ဘိုးရင်းကုမ္ပဏီကိုတော့ ပေးပို့စစ်ဆေးမည်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Vadym Prystaiko က လေယာဉ်ပေါ်မှာ အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖဂန်နစ်စတန် ၄ ဦး၊ ဂျာမန် ၃ ဦးနဲ့ ဗြိတိန်နိုင်ငံသား ၃ ဦးတို့ ပါသွားခဲ့ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau က အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာရဲ့ အကူအညီနဲ့ အီရန်မှာပျက်ကျသွားခဲ့တဲ့ ယူကရိန်လေယာဉ်ကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

Ref:Reuters



Follow us on