1. Home
  2. International News

ထင်မှတ်မထားတဲ့ ISIS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကို အီရတ်ရဲများ ဖမ်းဆီးရမိ

International News ม.ค. 20, 2563 view 1,865

တစ်ကမ္ဘာလုံးက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြတဲ့ ISIS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ၂၀၂၀ ဇန်နဝါရီလ ၁၆ ရက် ပြီးခဲ့တဲ့ သောကြာနေ့က သူပုန်းအောင်းနေတဲ့နေရာကို အီရတ်ရဲတပ်ဖွဲ့က ဝင်စီးရင်း ဖမ်းဆီးရမိခဲ့ပါတယ်။ ခေါင်းဆောင်ဆိုသူဟာ သူတို့မျှော်လင့်ထားကြသလို မဟုတ်တဲ့အတွက် အီရတ်ရဲတွေ အံအားသင့်ကုန်ကြပါတယ်။

စစ်သွေးကြွတွေနဲ့ ဖွဲ့စည်းထားတဲ့ ISIS အဖွဲ့ဟာ အရှေ့အလယ်ပိုင်းတစ်လျှောက်နဲ့ အခြားနေရာဒေသတွေမှာ အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ISIS အများစုဟာ အမျိုးသားတွေ ဖြစ်ကြပြီး သူတို့တစ်ဦးချင်းစီတိုင်းက သန်မာသွက်လက်ပြီး အကြမ်းဖက်လုပ်ငန်းစဉ်တွေကိုလည်း မတုံ့မဆိုင်းပဲ လုပ်နိုင်ကြသူတွေဖြစ်ပါတယ်။

ဒီလိုလူတွေကို ဦးဆောင်နေတဲ့ ISIS အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူဟာ သူ့ခန္ဓာကိုယ်ပင် သူမသယ်နိုင်လောက်အောင် ဝလွန်းသည့် အမျိုးသားတစ်ဦး ဖြစ်နေတာကြောင့် အီရတ် ရဲအဖွဲ့က အံ့သြသွားခဲ့ရတာဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးရာမှာ ပုံမှန်ကားနဲ့ ခေါ်ဆောင်သွားလို့ မရပဲ ထရပ်ကားရဲ့ နောက်ခန်းပေါ်ကို မချီတင်ပြီး အစောင့်အရှောက်တွေနဲ့ ခေါ်ဆောင်ခဲ့ကြရပါတယ်။

Shifa al-Nima ဟာ ဘာသာရေးတရားဟောဆရာဖြစ်ပြီး ISIS အဖွဲ့ရဲ့ အရေးပါတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးရမိလိုက်တာဟာ ISIS အဖွဲ့အပေါ် ကြီးကြီးမားမား အောင်မြင်မှုရလိုက်တာလို့ ပြောလို့ရပါတယ်။

Shifa al-Nima ရဲ့တာဝန်က ဘာသာရေးအရ တရားစီရင်ခြင်းလို့ ကင်ပွန်းတပ်ထားတဲ့ အကြမ်းဖက်မှုတွေဖြစ်တဲ့ ကျွန်ပြုတာတွေ၊ အဓ္ဓမပြုကျင့်တာတွေ၊ နှိပ်စက်ညှင်းပမ်းတာတွေနဲ့ လူမျိုးတုံးသတ်ဖြတ်တာတွေကို ISIS အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံရတဲ့ နယ်မြေတွေမှာ လုပ်ဆောင်ဖို့ ညွန်ကြားခဲ့တာပဲဖြစ်ပါတယ်။

ကိုယ်အလေးချိန် ရာနဲ့ချီရှိတဲ့ Shifa al-Nima ကို အီရတ်ရဲတွေက ထရပ်ကားပေါ်တင်ခေါ်သွားရတဲ့ ရှက်ဖွယ်လိလိ ပုံတွေက အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးရမိလိုက်တာဟာ ISIS အဖွဲ့တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဖြိုခွင်းလိုက်နိုင်ခြင်းလည်းဖြစ်ကြောင်း အီရတ်ရဲတွေက သုံးသပ်ထားပါတယ်။ Shifa al-Nima အနေနဲ့ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ထိုက်တန်တဲ့ အကျိုးကိုတော့ ပြန်ခံစားရဖို့ ရှိနေကြာင်း သိရသည်။



Follow us on