1. Home
  2. International News

ဝူဟန်ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ နည်လမ်းကို ပညာရှင်များ ရှာတွေ့ပြီ

International News ม.ค. 23, 2563 view 2,759

တရုတ်နိုင်ငံမှ ဝူဟန်ပြည်နယ်မှ စတင်ဖြစ်ပွားပြီး လက်တလောမှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကို သေသေနိုင်တဲ့ နည်းလမ်းများ တွေ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံမှ ဆေးပညာသုတေသီများက ထုတ်ဖော်ပြောကြားလိုက်သည်။

ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီးနောက် ကူးစက်မှုနှုန်းကလည်း မြင့်မားလာပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းထိ ရရှိထားသော စာရင်းအရ ဗိုင်းရပ်စ်ကူးစက်ခံထားရမှုပေါင်း ၅၄၈ မှုရှိပြီးဖြစ်ကြောင်းနှင့် ၁၇ ဦး သေဆုံးကြောင်း တရုတ်သတင်းစာ Sin Chaw Daily တွင် ဖော်ပြထားသည်။

သို့ပေမယ့်လည်း ဗိုင်းရပ်စ်နှိမ်နင်းနိုင်ရေးနဲ့ ပက်သက်ပြီး လမ်းစတစ်ခုကို တွေ့ရှိထားပြီဖြစ်ကြောင်း ရောဂါကူးစက်ပျံပွားမှု ကာကွယ်ကုသရေး ဓါတ်ခွဲခန်းမှ ဒါရိုက်တာ Li Lanjuan က ပြောကြားလိုက်သည်။ သူမဟာ ဆားစ်ရောဂါ တားဆီးရေးနဲ့ပက်သက်လို့ နည်းလမ်းရှာဖွေတွေ့ရှိခဲ့သူ ဆေးသိပ္ပံသုတေသီ Zhong Nanshan အပါအဝင် အခြားပညာရှင် ၆ ဦးတို့နဲ့ ဝူဟန်ဗိုင်းရပ်စ်ကို အတူတကွ လေ့လာခဲ့ကြသည်။

လေ့လာတွေ့ရှိချက်အရ ဝူဟန်ဗိုင်းရပ်(ကိုရိုနာဗိုင်းရပ်စ်) ဟာ အပူချိန် ၅၇ ဒီဂရီစင်တီဂရိတ်နဲ့ အထက် ပတ်ဝန်းကျင်မှာ နာရီဝက်အတွင်း သေဆုံးကြောင်း တွေ့ရှိခဲ့ရသလို အရက်ပျံ(အီသနော) ၇၅% အရောအနှောပါဝင်တဲ့ အရည်မှာလည်း အမြစ်ပြတ်ချေမှုန်းနိုင်တာကို စမ်းသပ်တွေ့ရှိပြီလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ အဆိုပါဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုတွေကြောင့် တကမ္ဘာလုံးကို သတ်ရှိကြရန် တပ်လှန့်ထားပြီး လူသေဆုံးမှုတွေလည်း မြင့်တက်လာနေပါတယ်။



Follow us on