1. Home
  2. International News

ပထမဆုံးအနေနဲ့ ဝူဟန်ဗိုင်းရပ်စ် ကူးစက်လူနာကို ကုသနိုင်ပြီဖြစ်ကြောင်း တရုတ်ကြေညာ

International News ม.ค. 27, 2563 view 1,896

ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက လက်ရှိအချိန်ထိ ကူးစက်ခံထားသူပေါင်း ၂,၃၀၀ ကျော်ရှိပြီး သေးဆုံးသူ ၈၀ ဦးထိ မြင့်တက်လားကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။ ယခုကဲ့သို့ ကူးစက်နှုန်း လျှင်မြန်သည့် ဗိုင်းရပ်စ်ကို ကုသနိုင်မည့်နည်းလမ်းကို အရေးပေါ် ရှာဖွေခဲ့ကြရာမှာ လူနာအမျိုးသမီးကြီး တစ်ဦးကို သက်သာပျောက်ကင်းအောင် ကုသပေးလိုက်နိုင်သည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ်ကတည်းက ကူးစက်ခံခဲ့ရသော အသက် ၅၆ နှစ်အရွယ် ‘ချန်’ ဆိုသူ အမျိုးသမီးကြီးအား အောင်မြင်စွာကုသပေးနိုင်ခဲ့ပြီး ပျောက်ကင်းသက်သာ၍ ဆေးရုံဆင်းသွားခဲ့ပြီဖြစ်ကြောင်း ရှန်ဟိုင်းမြူနီစပယ် ကျန်းမာရေး ကော်မရှင်က အခိုင်အမာ ပြောဆိုလိုက်သည်။

ဆရာဝန်တွေက အမျိုးသမီးကြီးအား HIV လူနာများကုသပေးရာတွင် အသုံးပြုသည့်ဆေး ထိုးပေးခဲ့ရာ ခန္ဓာကိုယ်ဆဲလ်များအတွင်း ဗိုင်းရပ်စ်ပျံ့ပွားမှု ရပ်တန့်သွားတာကို အောင်မြင်စွာ တွေ့ခဲ့ရပါတယ်။ “Nelfinavir” ဆေးဟာ ဆဲလ်တွေထဲကနေ ဗိုင်းရပ်စ် ထုတ်လုပ်မှုကို လျော့ချပေးနိုင်ခဲ့ကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။

CT scan စစ်ဆေးခြင်းနဲ့ သွေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လူနာရဲ့ အသက်ရှုလမ်းကြောင်းစနစ်ဟာ တိုးတက်ကောင်းမွန်လာပြီး ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွာတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဝူဟန်မြို့မှာ နေထိုင်သူ ‘ချန်’ ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက တုတ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေ့ခဲ့ရပြီးနောက် ဆေးရုံတင်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်မို့ HIV အတွက် သုံးတဲ့ ဆေးတစ်မျိုးဟာ ဝူဟန်ဗိုင်းရပ်စ်ကို သတ်နိုင်လိမ့်မယ်လို့ လမ်းစတွေ့ပြီး သုတေသနစမ်းသပ်မှုတွေ ပြလုပ်နေကြောင်း the Star သတင်းတွင် ဖော်ပြပါရှိသည်။



Follow us on