1. Home
  2. International News

၁၀ ရက်အတွင်းအပြီးဆောက်ခဲ့သည့် ဝူဟန်မြို့က ဆေးရုံကြီး ယနေ့ဖွင့်လှစ်

International News ก.พ. 03, 2563 view 1,726

ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိပျံ့ပွားခဲ့သည့် ဝူဟန်မြို့တွင် လူနာများအတွက် ၁၀ ရက်အတွင်း အရေးပေါ်တည်ဆောက်ခဲ့သော ဆေးရုံသစ်ကြီးကို ဖေဖော်ဝါရီလ ၃ ရက် (ယနေ့)တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

စတုရန်းမီတာ ၃၃,၉၀၀ ကျယ်ဝန်းသောမြေကွက်လပ်ကြီးပေါ်တွင် ဆောက်လုပ်ရေးလုပ်သားများက အချိန်မလပ်ဆောက်လုပ်ခဲ့ကြရာ ကုတင် ၁၀၀၀ ဆံ့ ကုသရေးအထောက်ကူပြုပစ္စည်းအပြည့်အစုံနဲ့ ဆေးရုံသစ်ကြီးကို ၁၀ ရက်အတွင်း အပြီးတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆေးရုံသစ်ကြီးရဲ့ ဒီဇိုင်းမှာ ၂၀၀၃ ခုနှစ် ဆားစ်ရောဂါဖြစ်ပွားစဉ်က အရေးပေါ်ဆောက်လုပ်ခဲ့သော ဘေးဂျင်းမြို့ရှိ Xiaotangshan ဆေးရုံကြီးရဲ့ပုံစံကို အခြေခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဝူဟန်ဆေးရုံသစ်ကြီးကို တရုတ်စစ်တပ်ထံသို့လွှဲပြောင်းပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းပေါင်း ၁၄၀၀ ဖြင့် စတင်လည်ပတ်တော့မည်ဖြစ်သည်။

 



Follow us on