1. Home
  2. International News

ပြေးလမ်းချော်မှုကြောင့် လေယာဉ်ထက်ပိုင်းကျိုးပြီး ၃ ဦးသေ ၁၅၀ ကျော် ဒဏ်ရာရ

International News ก.พ. 06, 2563 view 1,847

အီစတန်ဘူလ်လေဆိပ်တွင် တူရကီလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဆင်းသက်စဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပြေးလမ်းချော်ကျသွားခဲ့သဖြင့် လေယာဉ်ကိုယ်ထည် အပိုင်းပိုင်းကျိုးခဲ့သည့် မတော်တဆမှုတစ်ခု ဖေဖော်ဝါရီ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ လေယာဉ်မတော်တဆမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၁၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တူရကီရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုအရ ခရီးသည်တွေဟာ လေယာဉ်အပျက်အဆီးတွေကြားကနေ လွတ်မြောက်အောင် လေယာဉ်အတောင်ပံမှတစ်ဆင့် တိုးထွက်လာကြတာကို တွေ့ခဲ့ရပါတယ်။

တူရကီ စျေးနှုန်းသက်သာလေကြောင်းလိုင်း ဖြစ်တဲ့ Pegasus Airlines က ဘိုးရင်း 737 အမျိုးအစား လေယာဉ်ဟာ အစ်ဇ်မီးယားမြို့ကနေ အီစတန်ဘူလ်မြို့လေဆိပ် ဆဘီဟာဂိုချန် လေဆိပ်ကို ဗုဒ္ဓဟူးနေ့က ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဆင်းသက်ချိန်မှာ မုန်တိုင်းရဲ့အရှိန် ပြင်းထန်တဲ့ လေတိုက်နှုန်းကြောင်း မီတာ ၆၀ လောက် လမ်းကြောင်းပေါ်က ချော်ထွက်သွားပြီး အနက်မီတာ ၃၀ ကနေ ၄၀ ခန့်ရှိတဲ့ ကွင်းအပြင်ဘက်ကို ထိုးကျသွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦးတို့ လိုက်ပါလာကြောင်း ဒေသတွင်း သတင်းမီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။ လူ ၃ ဦး သေဆုံးပြီး ၁၇၉ ဦး ထိခိုက်ဒဏ်ရာရကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌါနက သတင်းထုတ်ပြန်ခဲ့ပါတယ်။



Follow us on