1. Home
  2. International News

အင်ဒိုနီးရှားမှာ N95 နှာခေါင်းစည်း ဈေးနှုန်းက ရွှေဈေးထက် အဆမတန်မြင့်တက်နေ

International News ก.พ. 11, 2563 view 1,698

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်နေမှုနဲ့အတူ အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်သည့် N95 အမျိုးအစား နှာခေါင်းစည်း ပါကင်ဗူး တစ်ဗူးရဲ့ ဈေးနှုန်းက ရွှေအလေးချိန် တစ်ဂရမ်ဈေးထက် ပို၍မြင့်တက်လာနေကြောင်း သိရသည်။

The Straits Times သတင်းစာတွင် ပါရှိသောသတင်းအရ နှာခေါင်းစည်းများ ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဈေးကွက်အတွင်းမှာ N95 နှာခေါင်းစည်း တစ်ဗူးကို အင်ဒိုနီးရှားရူပီး ၁၄ သိန်း ၉ သောင်းကျော် (မြန်မာကျပ်ငွေ တစ်သိန်း ခြောက်သောင်းဝန်းကျင်) ပေးနေရပြီး အဆိုပါ ပေါက်ဈေးမှာ ရွှေအလေးချိန် တစ်ဂရမ် ပေါက်ဈေးထက်တောင် ကျော်လွန်သွားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ ဆေးပစ္စည်းများရောင်းချရာ အကြီးဆုံးဈေးကြီးတွင် N95 3M နှာခေါင်းစည်း အခု ၂၀ ပါ ဗူးတစ်ဗူးကို အင်ဒိုနီးရှားရူပီး ၁.၅ သန်းဖြင့် ရောင်းချနေပါတယ်။ လက်ရှိ ရွှေဈေးကွက်ရှိ ပေါက်ဈေးမှာ တစ်ဂရမ်ကို ရူပီး ၈၀၀,၀၀၀ (ကျပ် ၈၄,၃၁၆) ရှိတာကြောင့် ရွေဈေးထက် များစွာကျော်လွန်နေပါတယ်။

လက်ရှိအခြေအနေအရ အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ တစ်ဦးမှ မရှိသေးသော်လည်း နှာခေါင်းစည်း ဈေးနှုန်းမှာ ကြောက်စရာကောင်းလောက်အောင် ခုန်တက်သွားခြင်းဖြစ်သည်။ သာမန် အစိမ်းရောင်၊ အပြာရောင် နှာခေါင်းစည်း အခု ၅၀ ပါ ဗူးတစ်ဗူးကို ယခင်က ရူပီး ၃၀,၀၀၀ (ကျပ် ၃,၁၆၂)သာ ရှိနေရာမှာ ရူပီး ၂၇၅,၀၀၀ (ကျပ် ၂၈,၉၈၇) ထိ မြင့်တက်သွားကြောင်း သိရသည်။



Follow us on