1. Home
  2. International News

နှစ် ၂၀ ကြာ ထောင်မှထွက်ပြေးလွတ်မြောက်နေသူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုယ်တိုင်ပြန်လည် အဖမ်းခံ

International News ก.พ. 19, 2563 view 1,618

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးကတည်းက ထူးဆန်းတဲ့ အကြောင်းအရာဖြစ်စဉ်တွေထဲမှာ ဒီသတင်းက တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ လွန်ခဲ့သော နှစ် ၂၀ ကတည်းက ထောင်ဖောက်ပြေးကာ လွတ်မြောက်သွားခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်ဘက်မှာ မနေနိုင်တော့ပဲ ရဲစခန်းကို ကိုယ်တိုင်လာရောက်ပြီး ပြန်လည် အဖမ်းခံခဲ့ပါတယ်။

“ကျန်း” ဟု အမည်ရပြီး အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားဟာ ၁၉၉၅ ခုနှစ်က ဂွီကျိုးစီရင်စုမှာ ယမ်းမှုံ့တွေ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ အသုံးပြုပြီး ဓါးပြတိုက်မှုတစ်ခု ကျူးလွန်ခဲ့ပါတယ်။ ဒီအမှုကြောင့် ထောင် ၉ နှစ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနှစ်မှာတော့ ထောင်ထဲမှာ အလုပ်လုပ်နေစဉ် ထောင်ဖောက်ပြေးကာ လွတ်မြောက်သွားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက “ကျန်း” ဟာ နေရာတွေပြောင်းရွေ့နေထိုင်ရင်း ကြုံရာကျပန်းအလုပ်တွေ လုပ်ကာ ဇာတ်မြုတ်ပြီး နေထိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီး မကြာခင်မှာတော့ “ကျန်း”အနေနဲ့ အပြင်ဘက်မှာ ဆက်လက်ပြီ’ဇာတ်မြုတ်နေလို့ မရတော့ပါဘူး။ အစိုးရက ဗိုင်းရပ်စ်ကာကွယ်ရေး အစီစအမံတွေချမှတ်ပြီး စက်ရုံ အလုပ်ရုံတွေအပါအဝင် ရောတိုင်းနီးပါးမှာ လူတစ်ဦးချင်းစီရဲ့ မှတ်ပုံတင်တွေ၊ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်လာတဲ့အတွက် ထောင်ပြေးတစ်ယောက်အနေနဲ့ အခက်အခဲတွေ့လာပါတယ်။ “ကျန်း” ဟာ ပုန်ကွယ်ရင်း တံတားတွေအောက်မှာ အစာစား၊ မြောင်းတွေထဲမှာ ဝင်အိပ်နဲ့ အဆင်မပြေမှုတွေ ကြုံလာပါတယ်။

သီတင်းပတ်အနည်းငယ်အကြာမှာတော့ ဒီဒဏ်တွေကို မခံနိုင်တော့ပဲ ရှာမန်မြို့က ရဲစခန်းမှာ ပြီးခဲ့တဲ့ စနေနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။



Follow us on