1. Home
  2. International News

ကမ္ဘာကြီးက ပြားကြောင်း သက်သေပြသူ ဒုံးပျံပျက်ကျသေဆုံး

International News ก.พ. 24, 2563 view 1,799

အသက် ၆၄ နှစ်အရွယ် Mike Hughes ဆိုသူဟာ ကမ္ဘာကြီးက လုံးဝန်းတယ်ဆိုတာကို မယုံကြည်သူဖြစ်ပါတယ်။ ကမ္ဘာဟာ တစ်ကယ်ပဲ လုံးသလား ပြားသလားဆိုတာကို လေ့လာရန် ကိုယ်တိုင်တည်ဆောက်ထားတဲ့ ဒုံးပျံဖြင့် အာကာသထဲထွက်ခွာစဉ် ချက်ခြင်းဆိုသလို ဒုံးပျံဟာ ကောင်းကင်ယံထက်ကနေ ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။

သူ့ကိုယ်တိုင် လိုက်ပါသွားတဲ့ ကိုယ်တိုင်လုပ် အာကာသဒုံးပျံယာဉ် ပစ်လွှတ်မှုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ဘားစတို မှာ ပြုလုပ်ခဲ့ပြီး အစ အဆုံးကို ရုပ်သံမှတ်တမ်းတင်ထားခဲ့ပါတယ်။

ရုပ်သံအရ ဒုံးပျံ ပျံတက်နိုင်ရန် မိုးပေါ်သို့ထောင်တားတဲ့ သံလမ်းကြီးကို တင်ဆောင်ထားတဲ့ကားပေါ်ကနေ အရှိန်နဲ့ ကောင်းကင်ယံကို ပျံတက်သွားခဲ့တာ ဖြစ်ပါတယ်။ ပျံတက်ပြီး ချက်ခြင်းဆိုသလို ဒုံပျံဟာ မြေပြင်ပေါ်ကို အရှိန်နဲ့ ထိုးစိုက်ကျသွားခဲ့ပါတယ်။ ရုပ်သံကို တညး်ဖြတ်ထားသော်လည်း Mike Hughes ဟာ ဒုံးပျံပျက်ကျပြီး ကွယ်လွန်သွားကြောင်း Science Channel က အတည်ပြုပြောကြားခဲ့ပါတယ်။

Mike Hughes ဟာ ပင်လယ်ရေပြင်အထက် ပေ ၅,၀၀၀ ကို ရောက်ဖိူ့အတွက် သူ့ရဲ့ လက်တွဲဖော် Waldo Stakes နဲ့ ကြိုးစားတည်ဆောက်ခဲ့ကြပါတယ်။ ကိုယ်တိုင်အိမ်လုပ် ဒုံးပျံဟာ ဒေါ်လာ ၁၈,၀၀၀ ကုန်ကျပြီး ရေနွေးငွေ့တွန်းကန်အားကို အသုံးပြုထားတာဖြစ်ပါတယ်။

Mike Hughes ဟာ တစ်နေ့ကျရင် ကမ္ဘာကြီးပြားတယ်ဆိုတာကို သက်သေပြမယ်လို့ ကြေညာထားတဲ့သူအဖြစ် ထင်ရှားကျော်ကြားသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ ကမ္ဘာပြားခြင်း သီအိုရီ မှန်ကန်ကြောင်း သက်သေပြဖို့အတွက် ကြိုးစားရာမှာ အခုလို မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။

သူ့ရဲ့ပထမဦးဆုံး ဒုံးပျံစမ်းသပ်ပျံသန်းမှုအစီစဉ်ကို ၂၀၁၈ ခုနှစ် မတ်လ ၂၄ ရက်နေ့က မိုဟာဘီသံကန္တာရထဲမှာ စမ်းသပ်ခဲ့ပြီး အမြင်ပေ ၁,၈၇၅ ထိ ပျံတက်နိုင်ခဲ့ကာ ကန္တာရထဲ ထိုးစိုက်ခဲ့ပါတယ်။ သူဟာ ရဲဝံ့စွန်းစားသူဖြစ်ပြီး သူဟာ ၂၀၀၂ ခုနှစ်က ဇိမ်ခံလီမိုစီးကားကြီးမောင်းပြီး ၁၀၃ ပေအမြင့်ကနေ ခုန်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားခဲ့သူလည်းဖြစ်ပါတယ်။



Follow us on