1. Home
  2. International News

မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ် ပထမဦးဆုံးတွေ့ရှိသူကို သေနတ်နဲ့ပစ်သတ်

International News มี.ค. 03, 2563 view 1,923

မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ထိန်းသိမ်းထားသော လူနာတစ်ဦးကို  ကင်ဂျွန်အန် ၏ အမိန့်အရ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာကြောင်း International Business Times သတင်းတွင် ဖော်ပြထားသည်။

Secret Beijing ဟု အမည်ခံထားသော တရုတ်နိုင်ငံအရေးကို သုံးသပ်လေ့လာနေကြသူများက ပစ်သတ်ရသည့် အကြောင်းရင်းကို သေချာရှင်းလင်းစွာ မသိရသေးကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အစိုးရအရာရှိတစ်ဦးဟာ ရောဂါထိန်းသိမ်းရေးစခန်းကနေ လွတ်မြာက်သွားပြီးနောက် အများသုံးရေချိုးခန်းအား အသုံးပြုမှုကြောင့် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း၊ ထိုသူမှာ တရုတ်နိုင်ငံ အလည်အပတ်ခရီးကနေ ပြန်ရောက်လာခဲ့ပြီးနောက် စစ်ဆေးကြည့်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိရသဖြင့် အခြားသူများအား ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကွပ်မျက်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်းမီဒီယာများက ရေးသားဖော်ပြကြသည်။ မြောက်ကိုရီးယားအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့စာရင်းမှာ ကင်းစင်သည် (သုည)စာရင်းကို ဆက်လက်ထိန်းသိမ်းထားလို့သည့် သဘောလည်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။

လက်ရှိမှာတော့ မြောက်ကိုရီးယားက နယ်စပ်တွေကို ပိတ်ထားပြီး တရုတ်နိုင်ငံနဲ့ ပို့ဆောင်ဆက်သွယ်ရေးများကို ဖြတ်တောက်ထားကြောင်း သိရှိရသည်။ မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများကိုလည်း ရက်ပေါင်း ၃၀ ကြာ ရောဂါထိန်းသိမ်းရေးစခန်းမှာ စောင့်ကြည့်သွားမည်ဖြစ်ပြီး သံတမန်အရာရှိများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှာမှုများကိုလည်း ကာကွယ်ထိန်းချုပ်ထားကြောင်း သိရသည်။



Follow us on