1. Home
  2. International News

အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မလေးရှား ဒုတိယလိုက်နေ

International News มี.ค. 10, 2563 view 1,688

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို မလေးရှားနိုင်ငံက ဆိုးရွားစွာခံနေရပြီး အရှေ့တောင်အာရှနိုင်ငံများထဲတွင် စင်ကာပူပြီးလျှင် ဒုတိယအဆင့်လိုက်နေကြောင်း သိရသည်။ လက်ရှိ သတင်းရေးသားစဉ် အချိန်အတွင်း၌ စင်ကာပူနိုင်ငံတွက် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၁၆၀ ရှိနေပြီး မလေးရှားနိုင်ငံတွင် ၁၁၇ ခုထိ ရှိလာနေပြီဖြစ်သည်။

ရောဂါကူးစက်ခံထားရသူများထဲက ၂ ဦးမှာ အသက်လုနေရသည့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌါနမှ ဒါရိုက်တာဂျင်နရယ်လ် ဒါတွတ် ဒေါက်တာနော်ဟစ်ဟမ် အဘ်ဒူလာ မှ ပြောကြားလိုက်သည်။

Dr Noor Hisham

မလေးသတင်းစာ Malay Mail ၏ ဖော်ပြချက်အရ လူနာနှစ်ဦးဟာ ဂျိုဟိုးမြို့နှင့် ဆွန်ငိုင်းဘူလို့ ဆေးရုံးများ၏ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌါနအနေနဲ့ ကိုယ်ပိုင်ပုဂ္ဂလိကဆေးရုံးများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ၊ မရှိဆိုတာကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာနော်ဟစ်ဟမ် က ပြောကြားခဲ့ကြောင်း သိရသည်။



Follow us on