1. Home
  2. International News

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ထားရာ ဟိုတယ်ပြိုကျ အနည်းဆုံး ၁၂ ဦး သေဆုံး

International News มี.ค. 12, 2563 view 1,814

တရုတ်နိုင်ငံ ဖီဂျီယန်စီရင်စုမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ထားရာ ဟိုတယ်တစ်လုံး မတ်လ ၇ ရက် စနေနေ့က ပြိုကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်။

ကွမ်ကျိုးပြည်နယ်မြို့တစ်မြို့ဖြစ်သည့် ဖီဂျီယန်တွင် ၇ ထပ်မြင့်သည့် ဟိုတယ်တစ်လုံးထဲတွင် လူ ၇၁ ဦး ရှိနေစဉ် ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်သည်။

တနင်္လာနေ့ နောက်ဆုံးသတင်းအရ ၄၉ ဦးကို အပျက်အဆီးများကြားမှ ကယ်ထုတ်နိုင်ခဲ့ပြီး ၁၂ ဦး သေဆုံးကာ လူ ၂၀ ပျောက်ဆုံးနေသေးကြောင်း သိရပြီး အမြန်ဆုံးရှာဖွေနိုင်ရန် ကြိုးစားလျှက်ရှိသည်။

အဆိုပါ အဆောက်အဦးမှာ ၂၀၁၃ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာ အခန်း ၆၆ ခန်းပါ ဟိုတယ်အဖြစ် ပြုပြင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံ့လာချိန်တွင် လူအများစစ်ဆေးမှုခံယူခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သူများကို သီးသန့်ထားရာနေရာအဖြစ် အသုံးပြုခဲ့ခြင်းလည်းဖြစ်သည်။ အဆောက်အဦး၏ ပထမထပ်တွင်ရှိသော စူပါမားကတ်ကို အသစ်ပြုပြင်မွမ်းမံနေချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

အဆောက်အဦးပြိုကျရသည့် အကြောင်းအရင်းမှာ ပြုပြင်မွမ်းမံမှုများကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို ရှင်းလင်းစွာ မသိရှိရသေးသော်လည်း အဆောက်အဦးပိုင်ရှင်ကို ရဲများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။



Follow us on