1. Home
  2. International News

တူရကီတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် အရက်ပြန်သောက်သူ ၃၀ ဦး သေဆုံး

International News มี.ค. 26, 2563 view 1,655

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပက်သက်သော သတင်းအချက်အလက်များကို နားလည်မှုလွဲမှားစွာ အသုံးချမိသည့် အတွက် လူအများအပြား သေဆုံးရမှု တရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

တူရကီသတင်းဌါန Daily Sabah တွင်ဖော်ပြထားသောသတင်းအရ ကိုရိုနာဗိုင်းရပ်စ် Covid-19 မကူးစက်အောင် ကာကွယ်သည့်အနေဖြင့် လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း အရက်ပြန်စစ်စစ် သောက်သုံးခဲ့သူ ဒါဇင်နဲ့ချီပြီးရှိခဲ့သည်။ ဖြစ်စဉ်ကြောင့် လူ၁၀ ဦး သေဆုံးသွားခဲ့ပြီး နောက်ထပ် ၂၀ ဦးမှာ အသက်လုနေရသော အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်ရလျှက်ရှိသည်။

အာဏာပိုင်များ၏ အဆိုအရ သူတို့တစ်ဦးချင်းစီဟာ အရက်ပြန်ကို အခြေခံထားသည့်က အရည်များက ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်ကြောင်းအချက်အလက်များကို နားလည်သဘောပေါက်မှုလွဲမှားပြီး အရက်ပြန်စစ်စစ်ကို ဒီအတိုင်းသောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ကယ်အမှန်စင်စစ်မှာ အရက်ပြန်က လူ့ခန္ဓာကိုယ်ပြင်ပမှာသာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးနိုင်တာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူတွေအနေနဲ့ အယ်လ်ကိုဟော ရာခိုင်နှုန်း ၅၀ ကျော်ထိ သောက်သုံးနိုင်သည် ဆိုသေည်ငြားလည်း အရက်ပြန်စစ်စစ် အီသနောကို ဒီအတိုင်းသောက်မည်ဆိုပါက သတိလစ်မူးမေ့လဲကျကာ အသက်သေဆုံးနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပက်သက်သည့် သတင်းအချက်အလက် အစစ်အမှန်များကို ကျန်းမာရေးဝန်ကြီးဌါနမှ ထုတ်ပြန်ချက်များအတိုင်း လိုက်နာပြီး သတင်းအမှားများ၊ တစ်ဆင့်စကားများကို ယုံကြည်ပြီး မလိုက်လုပ်သင့်ကြောင်း ဖော်ပြအပ်ပါသည်။



Follow us on