1. Home
  2. International News

Samsung Electronic စက်ရုံဝန်ထမ်းတွင် Covid-19 တွေ့ရှိ

International News มี.ค. 31, 2563 view 1,640

တောင်ကိုရီးယားနိုင်ငံရှိ ဆမ်ဆောင်းကုမ္ပဏီ ဆားကစ်ချစ်ပြားများ ထုတ်လုပ်သည့် စက်ရုံဝန်ထမ်းတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 positive အဖြစ်တွေ့ရှိကြောင်း Samsung Electrics မှ မတ်လ ၃၁ ရက် အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

သို့သော် စက်ရုံမှထုတ်လုပ်လိုက်သော ပစ္စည်းများတွင် ဗိုင်းရပ်စ်ပိုး ကပ်တွယ်ကူးစက်ခြင်းမရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆမ်ဆောင်း ချစ်ပြားစက်ရုံမှ ဝန်ထမ်းများကို စစ်ဆေးရာတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ သို့သော်ငြားလည်း အဆိုပါဖြစ်စဉ်ကြောင့် တောင်ကိုရီးယား အရှေ့တောင်ပိုင်း ဂူမိမြို့ရှိ Samsung မှ ဝန်ထမ်းအချို့ကိုလည်း အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့် အတည်ပြုနိုင်သော အမှုအချို့ရှိနေခဲ့သည်။

လက်ရှိတွင် ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူများကိုလည်း တစ်ကိုယ်တည်း သီးသန့်နေထိုင်ကြရန် ညွှန်ကြားထားကြောင်း Samsung ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံပြီးလျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအခံရဆုံးဖြစ်ပြီး တနင်္လာနေ့က နောက်ထပ်ကူးစက်ခံရမှု အသစ် ၇၈ မှုရှိနေပြီး ၁၃ မှုမှာ နိုင်ငံ၏ပြင်ပကနေ ပြန်လည်ဝင်ရောက်ကူးစက်ခဲ့ကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာမှ ထုတ်ပြန်ပြောဆိုလိုက်ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။



Follow us on