1. Home
  2. International News

ဧပြီလမှစတင်ကာ ထိုင်းတွင် ပြည်သူများကို မိုဘိုင်းဒေတာများ အခမဲ့ပေးမည်

International News เม.ย. 01, 2563 view 1,607

ကိုရိုနာဗိုင်းရပ် Covid-19 ကြောင့် အစိုးရကချမှတ်ထားသည့် လမ်းညွှန်ချက်များအရ ကုမ္ပဏီဝန်ထမ်းများ နေအိမ်ကနေ အလုပ်လုပ်ခြင်း၊ ကျောင်းသားများ အွန်လိုင်းကနေ ပညာဆက်လက်သင်ကြားတို့ကို အထောက်အပံ့ပေးသည့်အနေနှင့် လူတိုင်းသုံးစွဲနိုင်မည့် အခမဲ့ မိုဘိုင်းဒေတာများကို ဧပြီလမှ စတင်ကာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့တွင် အကြီးတန်း အစိုးရအရာရှိမှ ပြောကြားလိုက်သည်။ မိုဘိုင်းအော်ပရေတာများအနေနဲ့လည်း ဤအစီအစဉ်ကို သုံးစွဲသူ အင်အားချဲ့ထွင်ရေး ရင်းနှီးမြုတ်နှံမှု တစ်ရပ်အနေနဲ့ ခံယူထားရန် ပြေားကြားလိုက်သည်။

“မှတ်ပုံတင်လိုက်တဲ့ တစ်ယောက်ခြင်းစီအားလုံးအတွက် တစ်လမှာ မိုဘိုင်းဒေတာ ၁၀ ဂစ်ဂါဘိုက် (10GB) အခမဲ့ရရှိမှာဖြစ်ပါတယ်၊ ဒီအစီအစဉ်ကိုတော့ ဧပြီလ ၁၀ ရက်နေ့မှာ စပါမယ်” ဟု နိုင်ငံတော်ဆိုင်ရာ ရုပ်သံထုတ်လွှင့်ရေး နှင့် ဆယ်သွယ်ရေးကော်မရှင်မှ အထွေထွေအတွင်းရေးမှူး ‘တက်ခရွန် တန်တာဆစ်’ က ပြောကြားလိုက်သည်။ ကော်မရှင်အနေနဲ့ တယ်လီဖုန်လိုင်း အော်ပရေတာများကို နစ်နာကြေး ပေးသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါ။

အစိုးရက စတင်မည့် မိုဘိုင်းဒေတာ အခမဲ့ဖြန့်ဝေရေးအစီအစဉ်ကို ထိုင်းနိုင်ငံ၏ အဓိက မိုဘိုင်းအော်ပရေတာ သုံးခုက ချက်ခြင်းတုံ့ပြန်ပြောဆိုမှု တစ်စုံတစ်ရာမရှိသေးပါ။

“ကိုရိုနာဗိုင်းရပ်စ် Covid-19 လျှော့ချနိုင်ဖို့အတွက် အိမ်ထဲမှာပဲနေရတဲ့ ပြည်သူတွေကို အစိုးရက မိုဘိုင်းဒေတာတွေ အခမဲ့ပေးတာပါ” ဟု ‘တက်ခရွန်’ က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၏ ထိပ်တန်း အော်ပရေတာ Advances Info Service Pcl ၏ စစ်တမ်းအရ မိုဘိုင်းဒေတာ သုံးစွဲမှုများက လွန်ခဲ့သော လကထက် ၁၀% ကျော် တိုးတက်လာကြောင်း ကုမ္ပဏီ၏ သုံးစွဲသူရေးရာဌါနမှ အရာရှိချုပ် Pratthana Leelapanang က ရိုက်တာ သတင်းဌါနကို ပြောကြားခဲ့သည်။ စာသင်ကျောင်းများ၊ တက္ကသိုလ်များ ပိတ်ထားသည့်အတွက် အွန်လိုင်းပေါ်ကနေ သင်ကြားမှုတွေ ပြုလုပ်လာကြတာကြောင့် ဗီဒီယိုကွန်ဖရန့်စ် သုံးစွဲမှုမှာ ယခင်ကထက် ၁၀ ဆကျော် မြင့်တက်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မနေ့က မတ်လ ၃၁ ရက် အင်္ဂါနေ့အထိ ကိုရိုနာဗိုင်းရပ်စ်အမှု ၁၂၇ မှု အသစ်ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၁,၆၅၁ မှုထိ ရှိလာကာ ၁၀ ဦး သေဆုံးခဲ့ပြီဖြစ်သည်။



Follow us on