1. Home
  2. International News

ဇိမ်ခံသင်္ဘောနှစ်စီးပေါ်တွင် နိုင်ငံခြားသားအလုပ်သမားများထားရန် စင်ကာပူစီစဉ်

International News เม.ย. 18, 2563 view 1,561

ကိုရိုနာဗိုင်းရပ်စ် Covid-19 စစ်ဆေးမှုခံယူပြီးနောက် ရောဂါပိုးမရှိကြောင်း အဖြေထွက်ထားသည့် နိုင်ငံခြားသား အလုပ်သမားများကိုထာရန် အစိုးရ၏ ယာယီနေထိုင်စရာနေရာအဖြစ် အလယ်အလတ်အရွယ်အစားရှိသည့် အပျော်စီးဇိမ်ခံသင်္ဘောနှစ်စီးကို အသုံပြုနိုင်ဖွယ်ရာရှိသည်။

အကယ်၍ ယင်းစီမံချက်အတိုင်း အကောင်အထည်ဖော်မည်ဆိုပါက Star Cruise လိုင်းမှ SuperStar Gemini နှင့် SuperStar Aquarius သင်္ဘောနှစ်စီးတို့ကို အသုံးပြုနိုင်ဖွယ်ရာရှိသည်။ ထို့အပြင် စစ်တပ်စခန်းများ၊ လစ်လပ်နေသော HDB အိမ်ယာများကိုလည်း အလာတူရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခရီးသွားလာရေးဘုတ်အဖွဲ့ (STB) က ဧပြီ ၁၇ ရက်နေ့တွင် မီဒီယာများအား ပြောကြားခဲ့သည်။

“ဒါဟာ Covid-19 ပြန့်ပွားနိုင်မှုကို ထိန်းချုပ်တဲ့ အနာဂါတ်အတွက် ကျန်းမာရေးအစီစဉ်တွေဖြစ်ပါတယ်၊ လက်ရှိ နိုင်ငံခြားသားအလုပ်သမားတွေနေထိုင်တဲ့ အဆောင်တွေမှာ လူတွေလျှော့ချနိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟု STB က ဆိုသည်။

အပျော်စီးသင်္ဘောတွေမှာ အခန်းလွတ်တွေ၊ သန့်စင်ခန်းတွေ အပြည့်အစုံရှိတဲ့အတွက် အခုလိုစဉ်းစားရတာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“သင်္ဘောနှစ်စင်းလုံးမှာ နိုင်ငံခြားသားအလုပ်သမား ၂,၀၀၀ ကျော်အတွက် အခန်းတွေ အလုံအလောက်ရှိပြီး လိုအပ်ရင် ယာယီနေစရာနေရာအဖြစ် အသုံးပြုသွားနိုင်ပါတယ်၊ ဒီကိစ္စအကောင်အထည်ဖော်ပြီဆိုတာနဲ့ အလုပ်သမားတွေရဲ့ လူမှုဘဝဖူလုံရေး၊ ကျန်းမာရေး၊ လုံခြုံရေးတို့ကို သင်္ဘောပေါ်မှာ ထိန်းထားနိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက်ရှိနေရမယ့် အကွာအဝေးကိုလည်း စောင့်ကြည့်ပေးနိုင်မှာပါ” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

သင်္ဘောပေါ်မှာ နေထိုင်ရမည့် အလုပ်သမားများကို ဖုန်း SIM ကတ်၊ အင်တာနက်ကော်နက်ရှင်၊ ဝိုင်ဖိုင် တို့ကို ပံ့ပိုးပေးထားမှာ ဖြစ်ပြီး အပြင်ထွက်ချိန်ကိုလည်း အချိန်ဇယားနဲ့ စနစ်တကျ ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။

SuperStar Gemini သင်္ဘောဟာ သောကြာနေ့က ဟောင်ကောင်ကနေ စင်ကာပူကို ဆိုက်ကပ်လာခဲ့ပြီး လောလောဆယ်မှာတော့ မရီနာဘေး အပျော်စီးသင်္ဘောဆိပ်ကပ်မှာ ဆိုက်ကပ်ထားကြောင်း၊ အဆိုပါနေရာမှာပင် ဆောင်ရွက်စရာရှိသည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း STB က ပြောကြားခဲ့သည်။

လိုအပ်သော ပြင်ဆင်မှုများကို Genting Cruise Lines သင်္ဘောဝန်ထမ်းများမှ သင်္ဘော၏ လေဝင်လေထွက်စနစ်များ၊ လုံခြုံရေးစနစ်များ နဲ့ ပိုးသန့်ခြင်း စတဲ့ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

“စစ်ဆေးမှုတွေကို အောင်မြင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကိုသာ ယာယီနေစရာနေရာအဖြစ် ဒီနေရာမှာ ထားမှာပါ” ဟု STB က ပြောကြားခဲ့ပြီး SuperStar Aquarius ကို နောက်တစ်ဆင့်မှာ အကောင်အထည်ဖော်ကောင်း ဖော်သွားမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။



Follow us on