1. Home
  2. International News

စင်ကာပူတွင် ယနေ့ တစ်ရက်ထဲ၌ Covid-19 လူနာအသစ် ၁,၄၂၆ ဦိး ထိတ်လန့်ဖွယ်တွေ့ရှိ

International News เม.ย. 20, 2563 view 1,800
ဧပြီလ ၂၀ ရက် (ယနေ့)တစ်ရက်ထဲမှာတင် ကိုရိုနာဗိုင်းရပ်စ် Covid-19 အမှုအသစ်ပေါင်း ၁,၄၂၆ မှုကို တုန်လှုပ်ခြောက်ခြားဖွယ် ထပ်မံတွေ့ရှိထားပြီး ယခုဆိုရင် Covid-19 အမှုပေါင်း ၈,၀၁၄ ရှိလာပြီဖြစ်သည်။
 
CNA သတင်းအရ အသစ်ထပ်မံတွေ့ရှိသော လူနာအများစုမှာ နိုင်ငံခြားသား အလုပ်သမားအဆောင်တွင် နေထိုင်ကြသော Work permit ကိုင်ဆောင်ထားသော အလုပ်သမားများဖြစ်ကြောင်း သိရသည်။ အသစ်တွေ့ရှိသော လူနာများထဲတွင် ၁၆ ဦးမှာ စင်ကာပူနိုင်ငံသား သို့မဟုတ် အမြဲနေထိုင်ခွင့်ရရှိသူများ ဖြစ်ကြောင်း သိရသည်။
 
 
"ကျွန်တော်တို့ အသေးစိတ် ဆက်လက်စုံစမ်းဆောင်ရွက်နေပါတယ်၊ Update သတင်းကိုတော့ ဒီကနေ့ည MOH ကနေ သတင်းထုတ်ပြန်ပေးပါမယ်" ဟု ကျန်းမာရေးဝန်ကြီးဌါန က ပြောဆိုလိုက်သည်။ 
 
နိုင်ငံခြားအလုပ်သမားများနေထိုင်ရာ အဆောင် ၁၈ ခုကို သီးသန့်နယ်မြေအဖြစ် သတ်မှတ်စောင့်ကြည့်နေပြီး နောက်ထပ်နေရာများ ထပ်မံတိုးလာရန် အခြေအနေရှိနေသည်။
 
 
ဧပြီလ ၁၉ ရက်နေ့ စာရင်းများအရ ပွန်ဂိုလ်ရပ်ကွက်ရှိ S11 အဆောင်တွင် အမျှုပေါင်း ၁,၅၀၈ နဲ့ အမြင့်ဆုံးတွေ့ရှိခဲ့ပြီး ဒုတိယအများဆုံးအဖြစ် ဆွန်ငိုင်းတန်ဂါး အဆောင်တွင် ၅၂၁ မှု တွေ့ရှိခဲ့ပြီးဖြစ်သည်။
 
ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် နိုင်ငံခြားသားအလုပ်သမား အဆောင်များတွင် နေ့စဉ်အရေအတွက် တိုးလာနေခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်အမှုနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း စင်ကာပူနိုင်ငံ လုပ်သားအင်အားဝန်ကြီးဌါန (MOM) နှင့် အဆောက်အဦးတည်ဆောက်ရေး အာဏာပိုင် (BCA) တို့မှ သုံးသပ်ထားသည်။
 
 
လက်ရှိအခြေအနေအရ အရှေ့တောင်အာရှတွင် စင်ကာပူနိုင်ငံက ကူးစက်ခံထားရနှုန်းအမြင့်ဆုံးနိုင်ငံတစ်ခု ဖြစ်လာပြီး ၁၁ ဦး သေဆုံးကာ ၇၆၈ ဦး ပြန်လည် ကောင်းမွန်လာကြောင်း သိရသည်။ 


Follow us on