1. Home
  2. International News

ဒီနေ့ လူသားတွင် ထိုးသွင်းစမ်းသပ်မည့် Covid-19 ဆေးအသစ် အကြောင်း

International News เม.ย. 23, 2563 view 1,710

အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ့်တက္ကသိုလ်မှ ဆေးပညာရှင်များ တီထွင်ထားသည့် Covid-19 ဆေးအသစ်ကို လူသားများတွင် စမ်းသပ်မှု ယနေ့စတင် ထိုးသွင်းမည်ဖြစ်သည်။ လက်ရှိအခြေအနေအရ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်လူနာပေါင်း ၂.၄ သန်းကျော်ရှိနေပြီး ရောဂါကပ်ဆိုးကြီးအတွက် ကာကွယ်ကုသဆေး ပေါ်ပေါက်လာရန် အရေးတကြီးလိုအပ်နေ့သည့် အချိန်လည်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌါန အတွင်းရေးမှူး Matt Hancock က Covid-19 ဆေး လူသားတွင် စမ်းသပ်မှုကို ဧပြီ ၂၃ ရက် ကြာသပတေးနေ့(ယနေ့)တွင် စတင်မည်ဖြစ်ကြောင်း မနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Covid-19 vaccine ဆိုတာ ဘာလဲ..?

Covid-19 vaccine သည် အဒီနိုဗိုင်းရပ် ထိုးဆေး (ChAdOx1) ကို အောက်စဖို့တက္ကသိုလ် လက်အောက်ရှိ Jenner Institute က စမ်းသပ်မွမ်းမံထားခြင်းဖြစ်သည်။ အဆိုပါဆေးကို Covid-19 အတွက် ရွေးချယ်ရခြင်းမှာ ဆေးတစ်လုံးတည်းနှင့် ကိုယ်ခံအားစနစ်ကောင်းအောင် စွမ်းဆောင်နိုင်တဲ့ ဂုဏ်သတ္တိကြောင့်ဖြစ်သည်။ သို့သော် ယင်းဗိုင်းရပ်စ်ကို တိုက်ရိုက်ပုံတူ ကူးချထားခြင်းမဟုတ်ပါ။

ထို့ကြောင့် ဆေးအသစ်က လက်တလောတွင် ကာကွယ်ဆေးထိုးနေရသူများ အတွက် ပြဿနာမရှိနိုင်သကဲ့သို့ ငယ်ရွယ်တဲ့ ကလေးများ၊ သက်ကြီးရွယ်အိုများနဲ့ ဆီးချိုဝေဒနာကဲ့သို့ နာတာရှည်သမားများအတွက်လည်း သင့်လျှော်ကြောင်း သိရသည်။

ဘယ်သူတွေကို စမ်းသပ်မှာလဲ..?

ဆေးထိုးစမ်းသပ်ခြင်းကို အဆင့်(၃)ဆင့် သတ်မှတ်ထားသည်။

ပထမအဆင့်တွင် အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား ကျန်းမာရေးကောင်းသူ ၅၁၀ ဦး ပါဝင်မည်ဖြစ်ပြီး တစ်ယောက်ချင်းစီကို “ChAdOx1 nCoV-19” ဆေးကို ထိုးပေးသွားမည်ဖြစ်သည်။

အကယ်၍ ပထမအဆင့် အခြေအနေကောင်းမွန်ပါက ဒုတိယအဆင့်အဖြစ် အသက် ၅၅ နှစ်ကနေ ၇၀ ထိ၊ အဲဒီနောက်ထပ်ဆင့်ကာ အသက် ၇၀ ကျော်များကို စမ်းသပ် ထိုးနှံသွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့် ၃ အတွက် ပရဟိတအနေနဲ့ ပါဝင်ကူညီသူ အသက် ၁၈ နှစ်အထက် လူပေါင်း ၅,၀၀၀ ကို စမ်းသပ်ထိုးသွင်းပေးမှာဖြစ်ပါတယ်။

အဖြေဘယ်တော့ သိရမလဲ..?

စမ်းသပ်ကာလကြာမြင့်ချိန်နဲ့ အဖြေသိရဖို့အတွက် ၂၀၂၀ ခုနှစ် ဆောင်းဦးရာသီလောက် ဖြစ်မည်ဟု ခန့်မှန်းထားပြီး အဆိုပါ အချိန်လောက်မှ တတိယအဆင့် စမ်းသပ်မှုမှာ ကိုရိုနာဗိုင်းရပ်စ်ကို ဆေးက ဘယ်လောက်ထိ တုံ့ပြန်ခုခံနိုင်မလဲဆိုတဲ့ရလာဒ်ကို ကောင်းစွာ သိနိုင်မည်ဖြစ်သည်။

ကာကွယ်ဆေးက ပြည်သူတွေဆီ ဘယ်တော့လောက်ရနိုင်မလဲ..?

လက်ရှိအချိန်မှာ စတင်စမ်းသပ်မှုများ အခုမှ စတင်မှာဖြစ်သည့်အတွက် အပြောင်းအလဲများ ရှိနိုင်ခြင်းကြောင့် ပြည်သူတွေထံကို ဖြန့်ဖြူးရောက်ရှိနိုင်မည့် အချိန်ကို အတိအကျ ခန့်မှန်းပြောဆိုနိုင်ခြင်း မရှိကြောင်း ကျွမ်းကျင်သူများက ဖြေကြားခဲ့သည်။ သို့သော် ကာကွယ်ဆေး၏ ခုခံအားစနစ် တုံ့ပြန်မှုကို မေလ အလယ် သို့မဟုတ် လကုန်လောက်တွင် သိရှိနိုင်မည်ဖြစ်ပြီး ဒီအချိန်ရောက်မှ နောက်ထပ် ဆေးအမြောက်အများ ထုတ်လုပ်နိုင်ဖို့အဆင့်ကို စဉ်းစားနိုင်မည်ဟု ပြောကြားခဲ့သည်။

Covid-19 အတွက် နောက်ထပ် စမ်းသပ်မည့် ဆေးများ ရှိသေးလား?

ယူကေမှာတော့ Covid-19 အတွက် အောက်စ်ဖို့တက္ကသိုလ်၏ စမ်းသပ်မှုက ပထမဦးဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံမှာလည်း လူသားတွင် စမ်းသက်မည့်အစီစဉ်များ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။



Follow us on