1. Home
  2. International News

Covid-19 ကြောင့် အထိနာပြီး အာရှရှိ ESPRIT ဆိုင် ၅၆ ဆိုင်အား ဇွန်လကုန်တွင် ပိတ်သိမ်းမည်

International News เม.ย. 29, 2563 view 1,724

ကိုရိုနာဗိုင်းရပ်စ် Covid-19 ရိုက်ခတ်မှုကြောင့် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုကြီးမားရသည့်အတွက် အာရှတွင် တရုတ်နိုင်ငံပြည်မကြီးမှလွဲ၍ အခြားသောနိုင်ငံများရှိ စတိုးဆိုင်များကို Esprit Holdings က ပိတ်သိမ်းတော့မည်ဖြစ်သည်။

ဟောင်ကောင်ရှိ ဖက်ရှင်စာရင်းရုံးမှ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မကာအို တို့တွင်ဖွင့်လှစ်ထားသော ESPRIT ဆိုင် ၅၂ ဆိုင်တို့ကို လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ပိတ်တော့မည်ဖြစ်ကြောင်း သိရသည်။

ESPRIT ဖက်ရှင်အမှတ်တံဆိပ်ကို ၁၉၆၈ ခုနှစ်တွင် ဆူဇီ နှင့် ဒေါက်တွမ်ကင်စ် ဆိုသူတို့က စတင်တည်ထောင်ခဲ့ကြပြီး VW bus ကို ရောင်းချခဲ့ပါတယ်။ အောင်မြင်မှုတွေရလာခဲ့ပြီးနောက် ၁၉၇၀ ခုနှစ်များမှာ ဟောင်ကောင်က လုပငန်းကြီးတစ်ခုကို လက်ဆင့်ကမ်းရောင်းချခဲ့ပါတယ်။ ESPRIT ရဲ့ ပထမဦးဆုံး လက်လီဆိုင်ကကြီးကို ၁၉၉၅ ခုနှစ်က မလေးရှားနိုင်ငံမှာ အစောဆုံးဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ လူကြိုက်များတဲ့ ဖက်ရှင်အမှတ်တံဆိပ်အဖြစ် ရပ်တည်ခဲ့ပြီး ၂၅ နှစ်အကြာ ၂၀၂၀ ခုနှစ်မှာ Covid-19 ကပ်ရောဂါကြောင့် စီးပွားရေးအရ အကြီးအကျယ်အထိနာပြီး ပိတ်သိမ်းရတော့မယ့်အခြေအနေကို ရောက်လာခဲ့ပါတယ်။

စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မကာအို တိုရှိဆိုင်များ၏ ဝင်ငွေမှာ ESPRIT group မှ လည်ပတ်နေသော ကမ္ဘာလုံးဆိုင်ရာ လည်ပတ်ငွေကြေး၏ ၄ ရာခိုင်နှုန်းအောက်တွင်သာ ရှိတော့သဖြင့် လာမည့် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ အာရှရှိ ESPRIT လက်လီဆိုင် ၅၂ ဆိုင်စလုံး ပိတ်သိမ်းမည်ဖြစ်သည်။

ထို့အတွက် ငှားထားသော ဆိုင်ခန်းနေရာများအတွက် ပိုင်ရှင်များနဲ့ ညှိနှိုင်းကာ အခန်းခများ သက်သာခွင့်ပေးခြင်း၊ လျော့ပေါ့စေခြင်း စတဲ့ညှိနှိုင်းမှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း SCMP သတင်းတွင် ဖော်ပြပါရှိသည်။



Follow us on