1. Home
  2. International News

အလုပ်သမားဆောင်များတွင် ကွာရန်တီးန်း တာဝန်ထမ်းဆောင်နေသော ဆေးဝန်ထမ်းနှစ်ဦး Covid-19 ကူးစက်ခံရ

International News พ.ค. 08, 2563 view 1,736

စင်ကာပူနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများ နေထိုင်ရာ အဆောင်များတွင် ကာရန်တီးန်းအတွက် တာဝန်ထမ်းဆောင်နေသော ဆေးဝန်ထမ်းနှစ်ဦးကို ဆေးစစ်ကြည့်ရာတွင် Covid-19 ကူးစက်ခံထားရကြောင်း မေလ ၇ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌါနမှ သတင်းထုတ်ပြန်လိုက်သည်။

ကြာသပတေးနေ့က အသစ်ထပ်မံတွေ့ရှိခဲ့ရသော ကူးစက်လူနာ ၇ ဦးတွင် အဆိုပါဆေးဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပထမတစ်ဦးမှာ အသက် ၃၆ နှစ်အရွယ် စင်ကာပူနိုင်ငံသားဖြစ်ပြီး အင်္ဂါနေ့က ရောဂါလက္ခဏာပြခဲ့ခြင်းဖြစ်ကာ စစ်ဆေးတွေ့ရှိပြီးနောက် လူနာအမှတ် ၂၀၅၄၂ အဖြစ် သတ်မှတ်ခံထားရသည်။

ဒုတိယတစ်ဦးမှာ လူနာအမှတ် ၂၀၅၇၆၊ အသက် ၂၃ နှစ်အရွယ် စင်ကာပူနိုင်ငံသားဖြစ်ကာ ဧပြီလ ၃၀ ရက်နေ့မှာ ရောဂါလက္ခဏာများ တွေ့ခဲ့ရခြင်းဖြစ်သည်။

သူတို့နှစ်ဦးစလုံး လက်တလောတွင် ဗိုင်းရပ်စ် ကူးစက်ခံနေရသော နိုင်ငံများ၊ အရပ်ဒေသများသို့ ခရီးသွားလာမှု မရှိကြောင်းသိရပြီး သူတို့နှစ်ဦး ကားစက်ခံထားရတဲ့ ချိပ်ဆက်မှုကို လက်တလောတွင် ဖော်ထုတ်၍ မရသေးကြောင်း MOH က ပြောကြားသည်။ သူတို့တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အလုပ်သမားအဆောင်များကိုတော့ ကျန်းမာရေးဝန်ကြီးဌါနက ထုတ်ဖော်ပြောကြားခြင်းမရှိပါ။



Follow us on