1. Home
  2. International News

ကုန်ကျစရိတ်လျှော့ချရန် ချန်ဂီလေဆိပ် တာမီနယ်လ် ၄ ကို မေ ၁၆ တွင် စတင်ပိတ်မည်

International News พ.ค. 12, 2563 view 1,790

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ရှိ လေဆိပ်အဆောက်အဦး တာမီနယ်လ်(၄) ကို လာမည့် မေလ ၁၆ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားတော့မည်ဖြစ်သည်။ ယခုလို တာမီနယ်လ် ပိတ်သိမ်းခြင်းဟာ တစ်လအတွင်း ဒုတိယမြောက်ဖြစ်လာပြီး မေလ ၁ ရက်နေ့တုန်းကလည်း တာမီနယ်(၂) ကို စတင်ပိတ်ထားခဲ့ပါတယ်။

Covid-19 ကြောင့် ခရီးသွားလာမှု သိသိသာသာ ထိုးကျသွားခဲ့သည့်အတွက် ကုန်ကျစရိတ်များ လျှော့ချဖြတ်တောက်ရန်နှင့် လေဆိပ်အတွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာစေရန် ရည်ရွယ်၍ ပိတ်လိုက်ခြင်းဖြစ်ကြောင်း Changi Airport Group (CAG) က မတ်လ ၁၂ ရက် အင်္ဂါနေ့တွင် သတင်းမီဒီယာများအား ထုတ်ပြန်ပြောကြားလိုက်သည်။

တာမီနယ်(၄) တွင် လေယာဉ်အနည်းအကျဉ်းမျှသာ အဝင်အထွက်ရှိနေကြောင်း CAG က ပြောကြားခဲ့ပြီး အဆိုပါ တာမီနယ်လ်တွင် အခြေစိုက်သော လေကြောင်းလိုင်းများကို တာမီနယ်လ်(၁) သို့မဟုတ် တာမီနယ်လ်(၃) သို့ ပြောင်းရွေ့လုပ်ဆောင်မည်ဖြစ်သည်။

တာမီနယ်(၄) ပြန်လည်ဖွင့်လှစ်ဖို့ကတော့ ခရီးစဉ်များရဲ့ လိုအပ်ချက်နဲ့ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမှုတို့အပေါ်မှာ မူတည်ကြောင်း CAG က ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိအချိန်မှာတော့ စတိုးဆိုင်နဲ့ စားသောက်ဆိုင်များကို ပိတ်ထားပြီး တာမီနယ်လ်(၃) နဲ့ ချိပ်ဆက်တဲ့ ဘတ်စ်ကားလိုင်းများကိုလည်း ယာယီရပ်ဆိုင်းထားပြီဖြစ်သည်။

တာမီနယ်လ် တစ်ခုနဲ့ တစ်ခုအကြား ကူးသန်းသွားလာနေသော မိုးပျံရထား လွန်းထိုးပြေးဆွဲမှု အကြိမ်ကိုလည်း လျှော့ချထားသည်။ လေဆိပ်ကို လာရောက်သည့် ဧည့်သည်များအနေနဲ့ တာမီနယ်လ်(၃) နဲ့ (၂) အကြားရှိ MRT ရထားကုန်းကျော်တံတားကို အသုံးပြုနိုင်သလို ထိုလမ်းကနေပဲ Jewel Changi Airport (ကနဦးလေဆိပ်အဆောက်အဦး) ကို သွားရောက်နိုင်မည်ဖြစ်သည်။

၂၀၂၀ ခုနှစ် ဧပြီလထဲမှာ ချန်ဂီလေဆိပ်သို့ ခရီးသည်များ ဝင်ထွက်သွားလာမှု ၂၅,၂၀၀ သာ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလတွင် ဝင်ရောက်ခဲ့သော အရေအတွက် ၅,၅၈၀,၀၀၀ နဲ့ နှိုင်းယှဉ်ပါက ၉၉.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ဝင်ထွက်မှုမှာလည်း ၃,၈၇၀ သာ ရှိသဖြင့် လွန်ခဲ့သော တစ်နှစ်ကထက် ၈၈.၇ ရာခိုင်းနှုန်း ကျသွားခဲ့သည်။

လေဆိပ်တွင် ဧပြီလအတွင်းမှာ ကုန်စည်သယ်ယူမှု ၉၆,၅၀၀ တန် သာ ရှိခဲ့ပြီး ၂၀၁၉ ဧပြီလ ကုန်စည်သယ်ပို့မှု ၁၆၀,၀၀၀ မှတ်တမ်းအရ သုံးပုံတစ်ပုံအောက်မှာသာ ရှိခဲ့ကြောင်း သိရသည်။



Follow us on