1. Home
  2. International News

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အစ္စရေးရှိနေအိမ်တွင် ရုတ်တရက်သေဆုံး

International News พ.ค. 18, 2563 view 1,741

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး “ဒူဝေ” ကို အစ္စရေးနိုင်ငံ တယ်လဗီးမြို့ရှိ သူ၏နေအိမ်တွင် မေလ ၁၇ ရက် တနင်္ဂနွေနေ့က သေဆုံးလျှက် တွေ့ရှိခဲ့ရကြောင်း အစ္စရေးနိုင်ငံရဲအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန် အတည်ပြုကြေညာခဲ့သည်။

အသက် ၅၈ နှစ်အရွယ် “ဒူဝေ” ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတွင်းမှာ အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် ခန့်အပ်တာဝန်ပေခြင်းခံရကြောင်း သံရုံး၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ သူ့ရဲ့အလောင်းကို နေအိမ်တည်ရှိရာ အစ္စရေးမြို့တော်ရဲ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ လူချမ်းသာများနေထိုင်သော ရပ်ကွက်၏ အိမ်ယာဝန်ထမ်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲများက သေဆုံးရသည့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျှက်ရှိပြီး မသင်္ကာဖွယ်ရာ တစ်ခုမှ မတွေ့ရှိရကြောင်း ပြောဆိုခဲ့ပါတယ်။ အစ္စရေးရုပ်သံ ချန်နယ် ၁၂ တီဗီရဲ့ သတင်းထုတ်ပြန်ချက်အရ “ဒူ” ဟာ အိပ်ယာထဲမှာ သဘာဝအတိုင်းသေဆုံးခဲ့တာဖြစ်ကြောင်း အမည်ဖော်ပြထားခြင်းမရှိတဲ့ ဆေးဝန်ထမ်းတစ်ဦးက ပြောကြားခဲ့တယ်လို့ သတင်းထုတ်လွှင့်ခဲ့ပါတယ်။

“ဒူဝေ” ဟာ အိမ်ထောင်ရှိသူဖြစ်ပြီး သားတစ်ယောက်ရှိပါတယ်၊ သူကွယ်လွန်ချိန်မှာ ဇနီးရော သားဖြစ်သူပါ အစ္စရေးနိုင်ငံမှာ မရှိခဲ့ကြပါဘူး။ သူဟာ ၂၀၁၆ ကနေ ၂၀၁၉ ထိ ယူကရိန်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌါနမှ ဒါရိုက်တာ ဂျန်နရယ် “ယူဘယ်လ် ရိုတမ်” က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဒုတိယတရုတ်သံအမတ်ကြီးထံ ပေးပို့ခဲ့ကြောင်း သိရသည်။



Follow us on