1. Home
  2. International News

ယူအက်စ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀,၀၀၀ ကျော်ရှိလာ

International News พ.ค. 28, 2563 view 1,590

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် သေဆုံးသူ တစ်သိန်းကျော်ရှိလာခဲ့ပြီး ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံထက်မဆို လေးလအတွင်း သေဆုံးမှုနှုန်းက မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရမှုကို ဝါရှင်တန်ပြည်နယ်တွင် ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ခဲ့သည်။ နိုင်ငံအတွင်း၌ Covid-19 အတည်ပြုလူနာ ၁.၆၉ သန်းရှိပြီး တစ်ကမ္ဘာလုံးရှိ Covid-19 လူနာအရေအတွက်၏ ၃၀% ဝန်းကျင်ရှိနေသည်။

မှတ်တမ်းများအရ ကမ္ဘာ့လူဦးရေ ၅.၆ သန်းက ရောဂါကူးစက်ခံထားရပြီး ပြီးခဲ့နှစ် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့စဉ်ကတည်းက လက်ရှိအချိန်ထိ သေဆုံးခဲ့သူ ၃၅၄,၉၈၃ ဦး ရှိနေပြီဖြစ်သည်။

မယ်ရီလန်းမှာရှိတဲ့ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ မှတ်တမ်းများအရ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁၀၀,၂၇၆ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဒီအရေအတွက်ဟာ ကိုရီးယား၊ ဗီယက်နမ်၊ အီရတ် နဲ့ အာဖဂန်နစ္စတန်တို့မှာ ၄၄ နှစ်ကြာတိုက်ပွဲတွေဖြစ်ပွားပြီးတော့မှ သေဆုံးခဲ့ရတဲ့ အမေရိကန်အမှုထမ်း အမျိုးသား၊ အမျိုးသမီးတွေ အရေအတွက်နဲ့ အတူတူလောက် ရှိတော့မည်ဖြစ်ကြောင်း မြောက်အမေရိက၏ ဘီဘီစီသတင်းထောက် ဂျွန်ဆိုပယ်လ် က ပြောကြားခဲ့သည်။

သို့သော် တစ်ဦးချင်းစီအခြေခံပြီး တွက်ချက်နှုန်းအရဆိုရင်တော့ ယူအက်စ်ရဲ့ လူသေဆုံးမှုနှုန်းဟာ ဘယ်လိဂျီယံ၊ ယူကေ၊ ပြင်သစ်နဲ့အိုင်ယာလန်တို့ ပြီးရင် အဆင့် ၉ နေရာမှာ ရပ်တည်နေကြောင်း ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ မှတ်တမ်းများအရ သိရသည်။



Follow us on