1. Home
  2. International News

ရဲတွေရှေ့မှာ တမင်တကာလေလည်သောအမျိုးသားအား ယူရို ၅၀၀ ဒဏ်ငွေရိုက်ခဲ့

International News มิ.ย. 22, 2563 view 1,713

AP သတင်းဌာနက လွန်ခဲ့သောရက်အနည်းငယ်၌ သြစကြီးယားနိုင်ငံ မြို့တော်ဗီယန်နာရှိ သြစတြီးယားရဲတပ်ဖွဲ့များ၏ရှေ့မှောက်၌ အသံကျယ်လောင်စွာ တမင်တကာလေလည်ပြသွားသော အမျိုးသားတစ်ဦးအား ယူရို ၅၀၀ ဒဏ်ငွေရိုက်လိုက်သော အဖြစ်အပျက်တစ်ခုကို ဖော်ပြထားပါတယ်။ ဤအဖြစ်အပျက်သည် ကျူးလွန်သူကိုယ်တိုင်က ရဲတွေရဲ့အမိန့်စာဓါတ်ပုံနှင့်တကွ အွန်လိုင်းမှာတင်လိုက်ပြီးနောက် ရဲတပ်ဖွဲ့များမှ မီဒီယာများအား ဤအဖြစ်အပျက်သည် အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အမိန့်စာ၌ ၎င်းသည် ရာဇဝတ်မှုကျူးလွန်ကြောင်း သူ့လေလည်သံက ကျယ်လောင်သောအသံဖြစ်စေပြီး အများပြည်သူကို အသံဖြင့်အနှောင့်အယှက်ဖြစ်စေရာရောက်သည်ဟု ဆိုပါတယ်။ မြို့မရဲစခန်းမှရဲများ၏ပြောကြားချက်အရ ထိုလူသည် ရဲဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် ပူးပေါင်းမပါဝင်ဘဲ ရဲဝန်ထမ်းများကို လာရောက်နှောက်ယှက်ကာ ဒေါသထွက်စေခဲ့ပါတယ်။ သူသည် ပန်းခြံထဲက ထိုင်ခုံတွင်ထိုင်နေရာမှ ထရပ်ကာ ရဲတပ်သားတွေရဲ့ရှေ့မှောက်တည့်တည့်မှာတင် အသံကျယ်ကျယ်လောင်လောင်နှင့် တမင်တကာကြီးကို လေလည်ပြသွားခဲ့တယ်လို့ ဆိုပါတယ်။ ရဲများက လေလည်တာသည် ဤကဲ့သို့ အပြစ်ဒဏ်ယူစရာအကြောင်း မရှိသော်လည်း သူ့အား မှတ်မှတ်သားသားဖြစ်သွားအောင် ဒဏ်ငွေရိုက်ကာ အရေးယူရခြင်းဖြစ်ကြောင်း ဆိုပါတယ်။ #popolay #popolaytv #news



Follow us on