1. Home
  2. International News

ကိုဗစ် ၁၉ ကြောင့် ချစ်ခန်း ကြိုက်ခန်း တွေမှာ လူအစား အရုပ်ကိုအစားထိုး

International News มิ.ย. 26, 2563 view 1,601

ကိုဗစ် ၁၉ ဟာ ကမ္ဘာတဝှမ်းရှိလူတွေအားလုံးကို ဒုက္ခရောက်စေခဲ့ပါတယ်။ နိုင်ငံတော်တော်များများမှာ ကန့်သန့်ချက်များ စတင်ဖြေလျှော့ပေးပြီးတဲ့နောက်ပိုင်းမှာ ရောဂါကာကွယ်ရေးကိုဆက်လက်ပြီး ဆောင်ရွက်သွားရန်အတွက် ဆောင်ရန်ရှောင်ရန်အချက်တွေ၊ ခပ်ခွာခွာနေရမဲ့အချက်တွေကြောင့် လူတွေဟာ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာတွေကို ပိုပြီးစဉ်းစားလာကြတယ်။

လုပ်ငန်းတော်တော်များများမှာလည်း နေထိုင်မှုပုံစံအသစ်နှင့် အံဝင်ခွင်ကျဖြစ်အောင် များစွာပြောင်းလဲယူနေရတယ်။ အဲ့ဒီထဲကမှ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်မနေရတဲ့အချက်က လှုပ်ရှားမှုများအားလုံးရပ်နားထားရတဲ့ အနုပညာလောကကို ဂယက်ရိုက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံတွင် ကိုဗစ် ၁၉ ကြောင့် The Bold and the Beautiful ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရေး ခေတ္တဆိုင်းငံ့သွားရပြီးတဲ့နောက် CBS TV ရဲ့ ရုပ်မြင်သံကြားဒရာမာဇာတ်လမ်းတွဲများ၏ ဇာတ်ညွှန်းရေးအဖွဲ့ခေါင်းဆောင် “ဘရတ်လီ ဘဲလ်” (Bradley Bell) တစ်ယောက်ကတော့ လေမှုတ်ပလတ်စတစ်အရုပ်လေးတွေကိုအသုံးပြုပြီး လူလိုခပ်ဆင်ဆင် မိတ်ကပ်ဆံပင်ပြင်ပြီး ဇာတ်လမ်းတွဲတွေရဲ့ ချစ်တင်းနှောရတဲ့အခန်းတွေမှာ ခဏအစားထိုးပြီးရိုက်ရန် အကြံရသွားခဲ့တယ်။

ဒါဟာ ရိုက်ကူးရေးအတွက်လည်း အလုပ်ဖြစ်ပြီး၊ Social distancing ချိုးဖောက်ရာလည်း မရောက်ဘူးလို့ ဆိုပါတယ်။ ဒီနည်းလမ်းက အလုပ်ဖြစ်တယ်ဆိုရင် နောက်ပိုင်း လူတွေကို မငှားရမ်းတော့ဘဲ အရုပ်လေးတွေကိုပဲ အသုံးပြုတော့မည်ဖြစ်ကြောင်း သိရပါတယ်။

#popolay #popolaytv #Toys



Follow us on