1. Home
  2. International News

COVID - 19 ကာကွယ်ဆေး ယခုနှစ်ကုန် (သို့မဟုတ်) နောက်နှစ် အစတွင်စျေးကွက်ထဲရောက်နိုင်မည်ဟု တရုတ်ဆို

International News มิ.ย. 29, 2563 view 1,525

တစ်ကမ္ဘာလုံး ကပ်ရောဂါအသွင် ဖြစ်ပွားနေသော COVID - 19 ရောဂါ ကာကွယ်ဆေးအတွက် ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် လာမည့်နှစ် အစောပိုင်းတွင် ဈေးကွက်ထဲအရောက်ပို့နိုင်မည်ဟု တရုတ်အစိုးရမီဒီယာ China Daily သတင်းတစ်ရပ်က သုံးသပ်ရေးသားထားပါတယ်။

အဆိုပါသတင်းစာမှာ အမျိုးသားကာကွယ်ရေးနှင့် သွေးရည်ကြည်ဆိုင်ရာ အင်စတီကျုက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရပါတယ်။ SARS ရောဂါပြန့်ပွားစဉ်ကထက် ၁၀ဆ ပိုမိုလျှင်မြန်စွာဖြင့် ဗိုင်းရပ်စ်၏အသေးစိတ်ကို တစ်ကမ္ဘာလုံးရှိဓါတ်ခွဲခန်းများသို့ ဖြန့်ချိပေးပို့နိုင်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက ရောဂါ ကာကွယ်ဆေးအတွက် တရုတ်နိုင်ငံတွင် ဆေးငါးမျိုးကို စတင်စမ်းသပ်နေခဲ့ခြင်းဖြစ်ကြောင်းနှင့် မတ်လ လလယ်ပိုင်းကစပြီး အမေရိကန်ပြည်ထောင်စုရော တရုတ်နိုင်ငံကပါ ထုတ်လုပ်ထားသောကာကွယ်ဆေးနှင့်ပတ်သတ်ပြီး လူသားများနှင့် စတင်စမ်းသပ်နေခဲ့တာပဲဖြစ်ပါတယ်။ ဧပြီလ ၁၂ရက်နေ့က တရုတ်နိုင်ငံ ဆေးရုံဆေးခန်းများ၌ စမ်းသပ်ကုသမှုများကိုစတင်ခဲ့ရာ ကာကွယ်ဆေးအောင်မြင်ပါက တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ရေးရာကုန်ပစ္စည်းအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း မေလ ၁၈ နေ့တွင် တရုတ်မှကြေငြာခဲ့ပါတယ်။

ထို့နောက် ဇွန်လ ၂၃ ရက်နေ့တွင် တရုတ်အမျိုးသား ဇီဝနည်းပညာအုပ်စု (China National Biotech Group) မှ ကာကွယ်ဆေးအားလူသားများတွင် စမ်းသပ်မှုအဆင့် သုံးခုလုံးအောင်မြင်သွားခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ အဆင့်သုံးတွင် လူဦးရေထောင်ချီပြီးစမ်းသပ်ရခြင်းဖြစ်ကာ ပြန်လည်သုံးသပ်မှုများ၊ အတည်ပြုချက်ရယူမှုများဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

အီဘိုလာရောဂါကို ၁၉၇၆ ခုနှစ်တွင်တွေ့ခဲ့ရပြီး ကာကွယ်ဆေးကိုတော့ ၂၀၁၉ ခုနှစ်မှသာထုတ်လုပ်နိုင်ခဲ့ပေမယ့် ယခု COVID – 19 ကာကွယ်ဆေးကိုတော့ အမြန်ဆုံး ထုတ်လုပ်နိုင်မယ့် အလားအလာတွင်ရှိနေပါတယ်။



Follow us on