1. Home
  2. International News

စင်ကာပူတွင် မြန်မာအိမ်အကူကို လူသတ်မှုဖြင့် ရဲက ဖမ်းဆီး

International News ก.ค. 07, 2563 view 1,827

စင်ကာပူနိုင်ငံ Upper Serangoon ရှိ အိမ်တစ်အိမ်တွင် ဇူလိုင် ၆ ရက်နေ့၊ နေ့လည် ၁နာရီကျော်လောက်မှာ အသက် ၃၄ နှစ်အရွယ် မြန်မာအိမ်အကူက အသက် ၉၅ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကြီးအား ဓားနဲ့ထိုးသတ်ခဲ့သည့်အတွက်ကြောင့် ရဲက မြန်မာအိမ်အကူကိုလူသတ်မှုဖြင့်ဖမ်းဆီးလိုက်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်တဲ့ သတင်းအရ Recreation လမ်းမှာရှိတဲ့ အဆိုပါနေအိမ်မှာ ဓားထိုးမှုဖြစ်ရပ်အတွက် တိုင်ကြားသည်ကို လာရောက်စစ်ဆေးခဲ့ရာမှ လူသတ်မှုကျုးလွန်တာကို တွေ့ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ အဆိုပါဖြစ်ရပ်ကို လူသတ်မှုအဖြစ် သတ်မှတ်လိုက်ပါတယ်။ မှုခင်းစုံစမ်းချက်အရ သေဆုံးသူနဲ့ အိမ်အကူတို့ဟာ တစ်အိမ်တည်းနေသူတွေလို့ ဆိုပါတယ်။ ကနဦး ရရှိထားသည့်သတင်းအရ ဤအမှုကို ဗုဒ္ဓဟူးနေ့မှာ တရားရုံးတွင် စွဲချက်တင်မည်ဟု သိရပါတယ် အိမ်နီးချင်းတွေပြောပြချက်အရ အိမ်သားတွေနဲ့ အိမ်အကူတို့ကြား အဆင်မပြေတာတွေ မတွေ့ရသလို ထူးထူးခြားခြားဖြစ်စဉ်တွေလည်း မရှိဘူးလို့ဆိုပါတယ်။ သေဆုံးသူ အမျိုးသမီးကြီးဟာ သားဖြစ်သူနဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။

Credit : စည်သူမောင်

#popolay #popolaytv #news #crime #Singapore



Follow us on