1. Home
  2. International News

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးလေယာဉ်မှူး

International News ส.ค. 13, 2563 view 1,612

အသက် ၉၉ နှစ်အရွယ်ဟာ လူအများစုအတွက်က အရမ်းအသက်ကြီးပြီး လှုပ်လှုပ်ရှားရှားအဆင်မပြေမှုများနဲ့ ကြုံတွေ့နေရပါပြီ။ သို့သော် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ “ရိုဘီနာ အက်စ်တီ” ဆိုသူ အသက် ၉၉ အရွယ်အဖွားအိုကတော့ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတာ သက်သေပြသွားခဲ့ပါတယ်။

အဖွားက လှုပ်လှုပ်ရှားရှားကျန်းကျန်းမာမာရှိနေရုံသာမက လေယာဉ်ပါသေချာမောင်းနိုင်ပြီး လေယာဉ်မောင်းသင်တန်းဆရာမတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ မကြာသေးမီက အသက် ၉၈ အရွယ်ရှိ အိုင်အိုဝါပြည်နယ်က အမျိုးသားလေယာဉ်မှူးတစ်ဦးရဲ့ ကမ္ဘာ့အသက်အကြီးဆုံးလေယာဉ်မှူး စံချိန်ကိုချိုးပြီး၊ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးလေယာဉ်မှူးအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှ အသိအမှတ်ပြုခံခဲ့ရပါတယ်။

သူမသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ရီဗာဆိုက်မြို့ရှိ နက်စ်ဂျင်းလေကြောင်းသင်တန်း (NextGen Flight Academy) မှာ သူမရဲ့ နောက်ဆုံးလေယာဉ်မောင်းသင် တာဝန်ထမ်းဆောင်သွားရင်းနဲ့ တစ်ပြိုင်နက်တည်း နောက်ဆုံးနှုတ်ဆက်ပျံသန်းခြင်းအနေဖြင့် လေယာဉ်ကိုကောင်းကင်ပေါ်ချောမွေ့စွာ ပျံသန်းပြပြီး၊ ဒါဟာ သူမရဲ့ စိတ်ရောကိုယ်ပါကြံ့ခိုင်လျက်ရှိကြောင်းကိုဖော်ပြသွားပါတယ်။

ငါက လူတွေကိုခေါ်ဆောင်ပြီး ကောင်းကင်ယံသို့ပျံသန်းကာ အတွေ့အကြုံအသစ်တွေ တွေ့ကြုံခံစားရတာကို ချစ်မြတ်နိုးတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ သက်ကြီးရွယ်အိုများလည်း အလုပ်လုပ်နိုင်စွမ်းရှိသေးတယ်၊ တန်ဖိုးရှိတဲ့အရာများစွာ ဆောင်ရွက်နိုင်သေးတယ်ဆိုတာ အားလုံးကိုသိစေချင်တယ်လို့ သူမက ဆိုခဲ့ပါတယ်။

#popolay #popolaytv #ဗဟုသုတ



Follow us on