1. Home
  2. International News

တရုတ်ထံမှ ရေငုပ်သင်္ဘောဝယ်မယ့်အစီအစဉ် ထိုင်း ရွေ့ဆိုင်း

International News ก.ย. 02, 2563 view 1,513

ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ရေငုပ်သင်္ဘော (၂) စီး ထပ်ဝယ်ယူဖို့ မှာထားတာကို အခု ရွှေ့ဆိုင်းလိုက်ပါတယ်။ ထိုင်းနိုင်ငံထဲ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နေချိန်မှာ အမေရိကန်ဒေါ်လာ (၇၂၄) သန်း ကုန်ကျမဲ့ ဒီဝယ်ယူဖို့အပေါ် မကျေနပ်ဖြစ်လာချိန်မှာ မနေ့က ခုလိုရွှေ့ဆိုင်းလိုက်တာပါ။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မူကြောင့် စီးပွားရေးရပ်တန့်နေတဲ့အပေါ် လူထုမကျေနပ်မှုတွေ များလာတဲ့အထဲ ဒီ အငြင်းပွားစရာ ရေငုပ်သင်္ဘောဝယ်ဖို့အမှာလည်း ပါပါတယ်။

၂၀၁၅ တုန်းကတော့ ထိုင်းနိုင်ငံအနေနဲ့ တရုတ်ရေငုပ်သင်္ဘောကို ပထမဆုံးဝယ်ယူသူတွေထဲပါခဲ့ပြီး၊ ၂၀၁၇ မှာ (၃) စီးဝယ်ယူဖို့ အဆုံးသတ်စာချုပ် ချုပ်ကာ၊ ၂၀၂၃ မှာ ပထမတစ်စီး ရောက်လာဖို့ရှိချိန်မှာ အခုနောက် (၂) စီးအမှာကတော့ ဒီလဆန်းထဲ လွှတ်တော်ဆပ်ကော်မတီက အတည်ပြုပေးခဲ့ပေမယ့် လူတွေက စိတ်ဆိုးဒေါသထွတ်ခဲ့ကြတာပါ။

ဒီအပေါ် ဒေါသထွက်နေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ အင်တာနက်လူမှုမီဒီယာစာမျက်နှာပေါ်မှာ အကြီးအကျယ် ဆန့်ကျင်ဝေဖန်သည့်အနေဖြင့် "ပြည်သူတွေ ရေငုပ်သင်္ဘောအလိုမရှိ" လို့ Twitter ပေါ်မှာ ရေးသားနေကြပါတယ်။ ခုလိုအချိန်မှာ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ထိုင်းရေတပ်အနေနဲ့ ဒီနောက်ထပ် ရေငုပ်သင်္ဘော (၂) စီးမှာယူမှုကို ရွေ့ဆိုင်းပေးဖို့ တောင်းဆိုထားတာမို့၊ နောက်တစ်နှစ်ရွှေ့ဆိုင်းဖို့ တရုတ်နဲ့ ညှိလိမ့်မယ်လို့၊ ထိုင်းအစိုးရ ပြောခွင့်ရ Anucha Burapachaisri က မနေ့က ကြေညာလိုက်ပါတယ်။

Credit: #Popolay #Popolaytv #News #Submarine



Follow us on