1. Home
  2. International News

တာဝန်မှ ရပ်နားထားသော လေယာဉ်တင် သင်္ဘောကြီး၏သံထည်များကို မော်တော်ဆိုင်ကယ်များ အဖြစ် ပြန်လည်ပြုပြင် ရောင်းချမည်

International News ก.ย. 07, 2563 view 1,483

“HMS Hermes” ဟာ ၁၉၅၉ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်လာခဲ့တဲ့ လေယာဉ်တင်သင်္ဘောကြီးဖြစ်ပြီး၊ ဖော့ကလန် ကျွန်းတိုက်ပွဲမှာစစ်ဆင်နွှဲရန် ဗြိတိသျှတော်ဝင်ရေတပ်သားများကို သယ်ဆောင်ပေးခဲ့တဲ့ သင်္ဘောကြီးလည်းဖြစ်ပါတယ်။ ၂၅ နှစ်ကြာတာဝန်ထမ်းဆောင်သွားပြီးနောက် ၁၉၈၄ ခုနှစ်မှာ အငြိမ်းစားသင်္ဘောအဖြင့် တာဝန်မှရပ်နားခွင့်ရခဲ့ပါတယ်။ ထို့နောက် ဗြိတိသျှအာဏာပိုင်မှ အိန္ဒိယရေတပ်ကို ၁၉၈၆ ခုနှစ်မှာ ပြန်လည်ရောင်းချပေးလိုက်ပြီး Viraat အမည်သစ်ဖြင့် နောက်ထပ် ၂၉ နှစ်ကြာ ဆက်လက်တာဝန်ထမ်းဆောင်လာခဲ့ပြီးနောက် အိန္ဒိယရေတပ်မှ ၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခြင်းမှ အပြီးရပ်နားလိုက်ပါတယ်။

အစပိုင်းတွင် တာဝန်မှပြီးမြောက်သွားသော သင်္ဘောကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြီး ပြတိုက် (သို့) အဆင့်မီရေပေါ်ဟိုတယ်အဖြစ်ပြုလုပ်ရန် အစီအစဉ်ရှိခဲ့သော်လည်း၊ နောက်ပိုင်း တခြားပိုပြီးပြန်လည်အကျိုးပြုနိုင်သော အစီအစဉ်များရှိကြောင်း တာဝန်ရှိသူများကဆိုထားပါတယ်။ လေလံဆွဲအနိုင်ဝယ်ယူသွားသော ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ပြောကြားချက်အရ ယခုအချိန်၌ မော်တော်ဆိုင်ကယ်ထုတ်လုပ်သောလုပ်ငန်းရှင် ၂ ဦးက ဆိုင်ကယ်များထုတ်လုပ်ရန် သင်္ဘောသံထည်သံစများ လက်ခံဝယ်ယူရန် ဆက်သွယ်လာနေပြီဖြစ်ပြီး သဘောတူစာချုပ်များဆွေးနွေးနေကြောင်းဟုပြော ဆိုထားပါတယ်။ ဤအချိန်အတောအတွင်းမှာ အဓိကလုပ်ရမယ့်အလုပ်ကတော့ သင်္ဘောအပိုင်းအစများဖြတ်သောအပိုင်းဖြစ်ပြီး၊ အားလုံး ၁ နှစ်အချိန်ယူရမယ်လို့လည်း သိရှိရပါတယ်။

#popolaytv #popolay #popolaynews



Follow us on