1. Home
  2. International News

COVID - 19 ဗိုင်းရပ်စ်ကို သေစေနိုင်သည့် ခရမ်းလွန်ရောင်ခြည်သုံးစက်ရုပ် ဂျပန်တီထွင်

International News ก.ย. 11, 2563 view 1,619

COVID - 19 ဗိုင်းရပ်စ်ကို သေစေနိုင် သည့် အင်အားပြင်းခရမ်းလွန်ရောင် ခြည်သုံး စက်ရုပ်ကို ဂျပန်သုတေသန ပညာရှင်များက တီထွင်လိုက်ပြီး နောက်တွင် အဆိုပါ စက်ရုပ်၏ ထိရောက်မှုကို အတည်ပြုလိုက် ကြောင်း သိရသည်။ တိုကျိုမြို့ အိတာ့ဘာရှိ မြို့နယ်မှ ကုမ္ပဏီတစ်ခုသည် နီဟွန်းတက္ကသိုလ် အိတာ့ဘာရှိ ဆေးရုံနှင့်ပူးပေါင်းကာ ကိုဗစ်-၁၉ ကိုသေစေနိုင်သည့် စက်ရုပ် တစ်ရုပ်ကို တီထွင်ခဲ့သည်။

အဆိုပါ စက်ရုပ်တွင် မီးလုံးရှစ်ခုပါရှိပြီး စက်ရုပ်အလိုအလျောက် လမ်းလျှောက် သွားလာနေစဉ် ဗိုင်းရပ်စ်ပိုးများဖြင့် ညစ်ညမ်းနေနိုင် သည့် နံရံနှင့်ကြမ်းပြင်များပေါ်သို့ အင်အားပြင်းသည့် ခရမ်းလွန် ရောင်ခြည်ကို ထုတ်လွှတ်ပေးကြောင်း သိရသည်။ အဆိုပါ စက်ရုပ်သည် အင်အားပြင်း ခရမ်းလွန်ရောင်ခြည်ထုတ်လွှတ်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ပေးခြင်းအားဖြင့် ဗိုင်းရပ်စ် ပိုးများမရှိတော့အောင် အထောက်အကူပြုနိုင်သည်ကို စမ်းသပ်စစ်ဆေးမှုရလဒ်များက ပြသလျက်ရှိကြောင်း သုတေသနပညာရှင် အာအိဒါ့ယိုကို က သတင်းထောက်များသို့ပြောကြားခဲ့သည်။

သို့ရာတွင် ခရမ်းလွန်ရောင်ခြည်များသည် လူကိုအန္တရာယ်ဖြစ်စေ နိုင်သည့်အတွက် ညအချိန်ကဲ့သို့ ပတ်ဝန်းကျင်၌ လူသူကင်းမဲ့သည့် အချိန်အခါမျိုးမှသာ အဆိုပါစက်ရုပ် ကို အဝေးထိန်းစနစ်ဖြင့် အသုံးပြု ရမည်ဖြစ်ကြောင်း စက်ရုပ်တီထွင်ထုတ်လုပ်သည့် ကုမ္ပဏီမှ အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ စက်ရုပ်ကို လူအဝင်အထွက်များသည့် အဆောက်အဦကဲ့သို့နေရာများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

Credit:

#Popolay #Popolaytv #COVID_19 #Robots #UV



Follow us on