1. Home
  2. International News

အဆိပ်မိခဲ့သည့် ရုရှားအတိုက်အခံခေါင်းဆောင် ကိုယ့်ဖာသာ အသက်ပြန်ရှူနိုင်ပြီ

International News ก.ย. 15, 2563 view 1,471

အဆိပ်မိလို့ ဂျာမနီမှာ ဆေးရုံတက်နေတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီနဗားနီ (Alexei Navalny) ဟာ ကိုယ့်ဖာသာ အသက်ရှူနိုင်ပြီဖြစ်လို့ အသက်ရှူပိုက်ဖြုတ်လိုက်ပြီလို့ သူ့ဆရာဝန်က ပြောပါတယ်။ နဗားနီ (အသက် ၄၄ နှစ်) ဟာ သြဂုတ် ၂၀ ရက် ရုရှားပြည်တွင်းလေယာဉ်ခရီးမှာ ရုတ်တရက် နေမကောင်းဖြစ်ပြီးနောက် ဂျာမနီကို ဆေးကုဖို့ ရောက်သွားတာပါ။

ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ဂျာမနီက ရုရှားကို တောင်းဆိုထားပြီး ရုရှားကလည်း အနောက်နိုင်ငံတွေဟာ ရုရှားကို သွားပုပ်လေလွင့်ပြောနေတာပါလို့ စွပ်စွဲပါတယ်။ နဗားနီဟာ ဆိုဗီယက်ခေတ်ထုတ် နိုဗီချော့ Novichok (အာရုံကြောထိခိုက်စေတဲ့အဆိပ်) ခတ်ခံရတာကို ဂျာမန်စစ်တပ် ဓာတ်ခွဲခန်းက အဖြေတွေ့ခဲ့ပြီး၊ ဒါကို ပြင်သစ်နဲ့ ဆွီဒင် ဓာတ်ခွဲခန်းတွေက အတည်ပြုထားပါတယ်။ ရုရှားစပိုင်ဟောင်း Sergei Skripal နဲ့ သူ့သမီးတို့ဟာလည်း ၂၀၁၈ တုန်းက အင်္ဂလန်မှာ ဒီအဆိပ်မျိုးမိတယ်လို့ ဗြိတိန်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နယ်သာလန်အခြေစိုက် ဓာတုလက်နက်တားဆီးရေးအဖွဲ့ကလည်း နဗားနီမိတဲ့ အဆိပ်နမူနာကို ရယူစစ်ဆေးဖို့ ပြင်ဆင်နေသလို ဂျာနီမှာတွေ့ရှိတဲ့ အဆိပ်နမူနာနဲ့ ဓာတ်ခွဲအဖြေကို လက်လွှဲပေးဖို့ ရုရှားက တောင်းဆိုထားပါတယ်။ နဗားနီဟာ ရုရှားမှာတုန်းက အဆိပ်မိတဲ့လက္ခဏာ မတွေ့ရှိဘူးလို့ ရုရှားဘက်က ပြောထားပြီး ဂျာမနီဘက်ကလည်း နဗားနီဟာ ရုရှားဆေးကုသမှုလက်ထဲမှာ ၄၈ နာရီ ရှိခဲ့တာပါလို့ တုံ့ပြန်ထားပါတယ်။

Credit:

#Popolay #Popolaytv #International_News #Alexei_Navalny



Follow us on