1. Home
  2. International News

ထိုင်ဝမ်ရေလက်ကြားအနီး တရုတ်စစ်ရေးလေ့ကျင့်

International News ก.ย. 18, 2563 view 1,663

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြားအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အခု စက်တင်ဘာလ (၁၈) ရက်နေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု လုံလုံခြုံခြုံရှိစေရေးတို့အတွက် အခုလိုစစ်ရေးလေ့ကျင့်တာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Ren Guoqiang က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပေကျင်းအစိုးရကအခိုင်အမာပြောကြားထားပြီး၊ အခြားနိုင်ငံတွေက ထိုင်ဝမ်နဲ့ တရားဝင်အဆက်အသွယ်ပြုလုပ်တာတွေအားလုံးကို တရုတ်အစိုးရက ဆန့်ကျင်ကန့်ကွက်ထားပါတယ်။ ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံတို့အကြား ပူးပေါင်းနေကြတာကို တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ တရားဝင်ပြီး လိုအပ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့လည်း ရင်က ပြောပါတယ်။

အမေရိကန်အကြီးတန်းသံတမန် Keith Karch ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်ဝမ်ကိုရောက်လာခဲ့ပြီး၊ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အမေရိကန်ကျန်းမာရေးဝန်ကြီး Alex Azar ထိုင်ဝမ်ကိုရောက်လာခဲ့ပြီး တစ်လအကြာမှာလည်းဖြစ်ပါတယ်။ အမေရိကန်အရာရှိတွေ အခုလိုမျိုး ထိုင်ဝမ်ကျွန်းကို ရောက်လာတာတွေကို ပေကျင်းအစိုးရကတော့ ဝေဖန်ရှုံ့ချထားပြီး၊ သတိပေးတာတွေပြုလုပ်ထားပါတယ်။

Credit: #Popolay #Popolaytv #International_News



Follow us on