1. Home
  2. International News

ခါးပွဘောင်းဘီ ဝတ်ဆင်မှုပိတ်ပင်တားမြစ်ထားသောဥပဒေ ကို ပြန်လည်ဖျက်သိမ်းပေး

International News ก.ย. 21, 2563 view 1,548

ဘောင်းဘီဝတ်ဆင်ရာမှာ တချို့နေရာဒေသတွေက တားမြစ်ချက်တွေနဲ့ ကိုယ့်စိတ်ကြိုက် ဝတ်ချင်တိုင်းဝတ်လို့မရဘူးဆိုတာ တကယ်ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဖရော်ရီဒါပြည်နယ်မှာ တင်တစ်ဝက်လောက်ပေါ်တဲ့ ခါးခပ်ပွပွတွဲကျနေတဲ့ဘောင်းဘီများဝတ်ဆင်ခြင်းကို ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။

အမျိုးသားနှင့်အမျိုးသမီးများ တင်ပေါ်တဲ့ခါးပွဘောင်းဘီများမဝတ်ဆင်ရဟု ပိတ်ပင်တားမြစ်ထားသောဥပဒေတစ်ခုကို ၂၀၀၇ ခုနှစ်တွင်စတင်ထွက်ပေါ်လာခဲ့ပါတာ ဖြစ်ပါတယ် ။ ၁၃ နှစ်ကြာသွားပြီးနောက် အိုပါလောကါမြို့တော်ကော်မရှင်အဖွဲ့မှ ထိုဥပဒေပြဌာန်းချက်ကိုပယ်ဖျက်ရန် ၄ မဲ ၁ မဲ ဖြင့်အတည်ပြုခဲ့ပါတယ်။ ဤအတည်ပြုချက်ကို ထပ်မံအသိအမှတ်ပြုပြီးမှသာ ၎င်းဥပဒေဖျက်သိမ်းချက်ကို တရားဝင်သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

လူတစ်ယောက် အကြိုက်တစ်မျိုးစီနဲ့ ကိုယ်စီရှိကြပါတယ်။ တချို့က တင်းတင်းကျပ်ကျပ်ဝတ်ရတာကြိုက်ပြီး၊ တချို့ကြတော့ ချောင်ချောင်ချိချိဝတ်တာပိုနှစ်သက်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခါးပွဘောင်းဘီကြိုက်တဲ့သူတွေကတော့ ဤအတည်ပြုချက်မြန်မြန်အောင်မြင်ပါစေလို့ပဲ ဆုတောင်းနေကြမှာပါ ….။

#popolay #popolaytv #popolaynews



Follow us on