1. Home
  2. International News

၆ လကြာပိတ်ထားသည့် Taj Mahal ကို ပြန်လည်ဖွှင့်လှစ်

International News ก.ย. 22, 2563 view 1,917

ကမ္ဘာလှည့်ခရီးသည်တွေကြား လူသိများထင်ရှားတဲ့ ၁၇ ရာစုက အချစ်ဇတ်လမ်းနောက်ခံကို အဖြူရောင် စကျင်ကျောက်နဲ့ဆောက်ထားတဲ့ တာ့ချ် မဟာ (Taj Mahal) ကို ကိုဗစ်ကြောင့် ၆ လကြာ ပိတ်ထားရာကနေ တနလာ်နေ့မှာ အိန္ဒိယအစိုးရက ပြန်လည်ဖွှင့်လှစ်လိုက်ပါတယ်။

ဒီအဆောက်ဦကို ကိုဗစ်ဖြစ်ကာစ မတ်လကတည်းက ပိတ်ပင်ထားတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအပေါ်ချမှတ်ထားတဲ့ လော့ဒေါင်းတွေကို အစိုးရဖက်က ဖြေလျော့ပေး ပြီးတဲ့နောက် တာချ် မဟာအပါဝင် သမိုင်းဝင် ထင်ရှားတဲ့နေရာတွေကိုပါ ပြန်ဖွင့်ပေးဖို့ ခရီးသွားလုပ်ငန်းရှင်တွေက တောင်းဆိုတဲ့အတွက် အခုလို ပြန်ဖွင့်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ် လယ်ပတ်ခွင့်ရှိတဲ့ ခရီးသည်ကိုတော့ ၅၀၀၀ အထိပဲ ခွင့်ပြုတယ် ဆိုပါတယ်။

ဒါအပြင် လာရောက်လယ်ပတ်သူတွေဟာ အပူချိန်တိုင်းတဲ့ ကရိယာထဲ ဖြတ်သွားရမှာဖြစ်ပြီး နှာခေါင်းစည်းတွေလည်း မပျက်မကွက်တပ်ထားရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။ တာ့ချ်မဟာ ပြန်ဖွင့်ပေးတဲ့အချိန်ဟာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်ပိုးတွေ့သူ ၅ သန်းကျော်ရှိလာနေတဲ့အချိန်၊ အမေရိကန်ပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ။

Source: AP One



Follow us on