1. Home
  2. International News

လက်ထပ်ထိမ်းမြားသည့် စုံတွဲများ ဘဝထူထောင်ရေးအတွက် ကန်ဒေါ်လာ ၅၇၀၀ ခန့် ဂျပန်အစိုးရ ထောက်ပံ့မည်

International News ก.ย. 22, 2563 view 1,482

ဂျပန်နိုင်ငံအစိုးရက လာမည့်ဧပြီလမှစပြီး လက်ထပ် ထိမ်းမြားသည့်စုံတွဲများအား ဘဝအသစ်တည်ထောင်ရာ တွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည့်အနေဖြင့် ယန်း ခြောက်သိန်း (အမေရိကန်ဒေါ်လာ ၅၇၀၀) ခန့်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို နိုင်ငံအတွင်း၌ ကလေးမွေးဖွား နှုန်းများ ကျဆင်းလာသည်ကို ကာကွယ်သည့်အနေဖြင့် စီမံချက်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံတွင် အသက် ကြီးမှ လက်ထပ်ထိမ်းမြားခြင်းများရှိသည့်အတွက် ကလေး မွေးဖွားနှုန်းများ ကျဆင်းလျက်ရှိသည်။ ယင်းအစီအစဉ်တွင် အကျုံးဝင်သော ခင်ပွန်းနှင့် ဇနီး တို့သည် လက်ထပ်ထိမ်းမြားသည့်နေ့ရက်တွင် အသက် ၄၀ ထက်ကျော်လွန်ခြင်း မရှိစေရဘဲ နှစ်ဦးပေါင်း တစ်နှစ် ဝင်ငွေရရှိမှုသည် ယန်း ၅ ဒသမ ၄ သန်းထက် လျော့နည်း ရမည်ဖြစ်သည်။

အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ကလေး နှစ်ယောက်မွေးဖွားရမည်ဟု သတ်မှတ်ထားပြီး ကလေး မွေးဖွားနှုန်း တိုးမြင့်လာရန် အဆိုပါအစီအစဉ်ကို စတင် ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်က ဂျပန်နိုင်ငံအတွင်း ကလေး မွေးဖွားမှုအရေအတွက်သည် ၈၆၅၀၀၀ ခန့်သာရှိကြောင်း သိရသည်။ အသက် ၂၅ မှ ၃၄ နှစ်အကြား အရွယ်ရောက်ပြီး အိမ်ထောင်မပြုရသေးသော အမျိုးသားအရေအတွက် ၂၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးအရေအတွက် ၁၇ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၅ ခုနှစ်အတွင်း စာရင်း ကောက်ယူခဲ့သည့် လူဦးရေနှင့် လူမှုဘဝစည်ပင်ဝပြောရေးသုတေသနဆိုင်ရာ အမျိုးသားအင်စတီကျု၏ စစ်တမ်း တစ်ရပ်အရ သိရသည်။

ကိုးကား - ကျိုဒိုနယူးစ်/ဘာသာပြန်- အောင်ကျော်ကျော် The Mirror



Follow us on