1. Home
  2. International News

လက်ထိတ်ခတ်ပြီး သော့ပျောက်သွား လို့ ရဲကို ဖုန်းဆက်ခေါ်ခဲ့ရတဲ့ ချစ်သူစုံတွဲ

International News ก.ย. 25, 2563 view 2,267

အချစ်ရေးကိစ္စမှာ စိတ်လှုပ်ရှားမှုတွေ ပိုမိုခံစားလိုသော၊ အထူးအဆန်းတွေ ကြိုက်နှစ်သက်သော ချစ်သူစုံတွဲများအတွက် စိတ်လှုပ်ရှားလွန်ပြီး နောက်ဆုံး အခက်မတွေ့အောင် သေချာလည်းသတိထားကြည့်လုပ်ကြဦးနော်။ ဤမျှော်လင့်မထားတဲ့ဖြစ်ရပ်ဟာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ချစ်သူစုံတွဲ၌ ဖြစ်ပွားခဲ့ပါတယ်။

တစ်နေ့၌ သူတို့နှစ်ဦးရဲ့ ကုတင်ပေါ်ကိစ္စမှာ စိတ်လှုပ်ရှားမှုပိုမိုခံစားဖို့အတွက် လက်ထိတ်ခတ်ပြီး ချစ်တင်းနှောခဲ့ကြပါတယ်။ ကုတင်ပေါ်ကိစ္စပြီးဆုံးသွားပြီးနောက် သူတို့ကိုပိုပြီးစိတ်လှုပ်ရှားသွားစေတာကတော့ လက်ထိတ်ခတ်ထားတဲ့သော့က ပျောက်သွားနေလို့ပဲ။ ရှာလို့မတွေ့တဲ့နောက်ဆုံး အမျိုးသားဖြစ်သူက လက်ထိတ်ဖွင့်ရန် ရဲများကိုဖုံးဆက်အကူအညီတောင်းလိုက်ရပါတယ်။

ရဲများ၏ပြောကြားချက်အရ ထိုအမျိုးသားဟာ ဘာ့ကြောင့် ရဲတွေကိုအကူအညီလှမ်းတောင်းရမလဲဆိုတာကတော့ အကယ်၍ မီးသတ်ဖွဲ့များကိုခေါ်လျှင် မီးသတ်သမားများက လက်ထိတ်ခတ် ကိုဖြတ်ပစ်မှာသေချာတယ်။ အဲ့လိုဖြစ်ခဲ့လျှင် အရမ်းနှမြောမိမှာပဲ၊ ဘာလို့လဲဆိုတော့ သူတို့က စျေးကြီးနဲ့ဝယ်ထားရလို့ ပြောသွားခဲ့ပါတယ် ။

#popolay #popolaytv #popolaynews



Follow us on