1. Home
  2. International News

အမေရိကန်သတင်းအချက်အလက်နည်းပညာကုမ္ပဏီ ဂူဂဲလ်က ရွေးကောက်ပွဲကျင်းပပြီးပါက နိုင်ငံရေးကြော်ငြာများကို ပိတ်ဆို့ဟန့်တားမည်

International News ก.ย. 28, 2563 view 1,738

အမေရိကန်နိုင်ငံ၏ နာမည်ကြီးသတင်းအချက်အလက် နည်းပညာကုမ္ပဏီ ဂူဂဲလ်သည် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးပွဲပြီးဆုံးပါက နိုင်ငံရေးကြော်ငြာများကို ကာလသတ်မှတ်ချက်မရှိ ပိတ်ဆို့ဟန့်တားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲလွန်ကာလတွင် ဖြစ်ပေါ် လာနိုင်သည့် ရှုပ်ထွေးမှုများကို ကြိုတင်ကာကွယ်ရန်ကြိုးပမ်းသည့်အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု၏ သက်ရောက်မှုကြောင့် ဆန္ဒမဲလက်မှတ်အရေအတွက်အများအပြားကို မေးလ် ထဲတွင် ရေတွက်ရန် အချိန်ယူရမည်ဖြစ်သဖြင့် ရွေးကောက်ပွဲရလဒ်များသည် လည်း နှောင့်နှေးကြန့်ကြာလိမ့်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာသူ တချို့က ပြောကြားခဲ့သည်။

အခြားသော နာမည်ကြီး သတင်းအချက်အလက်နည်းပညာကုမ္ပဏီများကလည်း ဂူဂဲလ်ကဲ့သို လုပ်ဆောင်ရန် စီစဉ်လျက်ရှိပြီး တွစ်တာကလည်း အခြေအမြစ်မရှိသည့် မဲလိမ်လည်မှုများနှင့် ပတ်သက်၍ သတိပေးစာတန်းများ ကို အသုံးပြုကာ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဖေ့စ်ဘွတ်ကလည်း အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အတွင်းပြုလုပ်သည့် စည်းရုံးလှုံ့ဆော်မှုများနှင့် ကိုယ်စားလှယ် လောင်းများ၏ နိုင်ငံရေးကြော်ငြာအသစ်များ လက်ခံခြင်းတို့ကို ရပ်တန့်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်(The Mirror)



Follow us on