1. Home
  2. International News

အင်္ဂလန်နိုင်ငံတွင် ကြက်မစင်ပုံကြီး မီးလောင်မှုဖြစ်ပွားခဲ့

International News ต.ค. 05, 2563 view 1,588

ညစ်ပတ်သောအရာများနှင့်ထိတွေ့သောအလုပ်မျိုးကို ဘယ်သူမှမလုပ်ချင်ပါဘူး။ သို့သော် မကြာသေးမီက အင်္ဂလန်ရှိ မီးသတ်သမားများက တိရိစ္ဆာန်၏ စွန့်ပစ်ပစ္စည်းများမှထွက်သော အနံ့ခပ်ဆိုးဆိုးရှိ မီးလောင်မှုတစ်ခုနှင့် ရုတ်တရက်ရင်ဆိုင်ခဲ့ ရပါတယ်။

မီးများငြိမ်းသတ်ရန်အတွက် မြို့ကြီးသုံးမြို့မှမီးသတ်တပ်ဖွဲ့များကိုလည်း အကူအညီခေါ်ခဲ့ရပါတယ်။ ၎င်း မီးသတ်တပ်ဖွဲ့ ၃ ဖွဲ့ခေါ်ရတဲ့အကြောင်းရင်းကလည်း မီးလောင်မှုအကြီးအကျယ်တစ်ခုဖြစ်နေလို့ပါပဲ။ ၎င်းသည် တန်ချိန် ၂၂ တန် (သို့) ကီလိုဂရမ် ၂၂,၀၀၀ ခန့်ရှိသော ကြက်များစွန့်ပစ်သောအညစ်အကြေးများမှ ကြက်မစင်ပုံကြီး မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပါတယ်။ အနံ့ဆိုးများ ဟာ နေရာတော်တော်ဝေးဝေးထိ ရောက်သွားတယ်လို့လည်း သိရပါတယ်။

ကြက်မစင်များလောင်ကျွမ်းရသောအကြောင်းရင်းမှာ အတောင်ပံ တိရိစ္ဆာန်များ၏မစင်၌ရှိသောဓါတုပစ္စည်းသည် အထူးသဖြင့် မစင်များအဆမတန်စုပြုံများပြားလာပြီး အထဲကအပူချိန် ဖလှယ်နိုင်တဲ့အချိန်မျိုးမှာ အလိုအလျောက်လောင်ကျွမ်းမှု ဖြစ်စေနိုင်တတ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ရှင်းပြထားပါတယ်။

လောင်ကျွမ်းနေသောကြက်မစင်ပုံကြီးမှ ခပ်ဆိုးဆိုးအနံ့နှင့်မီးခိုးငွေ့များကြားက အချိန် ၃ နာရီကြာ မီးသတ်သမားများစွန့်စားစွာ ဆောင်ရွက်ကြပြီးနောက် တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာမီးများငြိမ်းသတ်သွားနိုင်ခဲ့ပါတယ်။

#popolaytv #popolay #popolaynews



Follow us on