1. Home
  2. International News

ဥယျာဉ်ထဲ ၉ ကာရက်ခန့်ရှိတဲ့ စိန် ရှာဖွေတွေ့ရှိသွားသော ကံကောင်းတဲ့ အမျိုးသား

International News ต.ค. 06, 2563 view 1,559

အမေရိကန်နိုင်ငံ၊ အာကန်ဆတ်ပြည်နယ်ရှိ ကရေတာအော့ဖ်ဒိုင်မွန်းဥယျာဉ်မှ ၉ ကာရက်ခန့်ရှိသော စိန်ရိုင်းအတုံးတစ်တုုံးကို အသက် ၃၃ နှစ်အရွယ်ရှိ “ကေဗင် ကီနတ်” ဆိုသူအမျိုးသားတစ်ဦးက ကံကောင်းစွာရှာဖွေတွေ့ရှိသွားကြောင်း စီအန်အန်သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုသူဟာ ထို ဥယျာဉ်မှာ ကျောင်းနေအရွယ်ကတည်းက မကြာခဏဆိုသလို လာရောက်ရှာဖွေနေလေ့ရှိကြောင်း ဆိုပါတယ်။ ၎င်းဥယျာဉ်ဟာ စိန်များမကြာခဏရှာဖွေတွေ့ရှိသောသတင်းနှင့် နာမည်ကျော်ကြားခဲ့သော ဥယျာဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဤဥယျာဉ်အတွင်း၌ စိန်များရှာဖွေတွေ့ရှိသူ မည်သူမဆို ပိုင်ဆိုင်မှုအခွင့်အရေးအပြည့်အဝပေးရှိထားကြောင်း ၎င်းပြည်နယ်က စည်းမျဉ်းထုတ်ပြန်ထားပါတယ်။ အရောင်ပြန်ဟပ်မှု ပြောင်လက်လက်ရှိသောအရာဝတ္ထု ဘာမဆို တွေ့လျှင် အကုန်လုံးကောက်ယူတတ်လေ့ရှိပြီး၊ ဒီတစ်ခါ ပထမစတွေ့တုန်းကလည်း ခါတိုင်းလိုပဲ ဖန်စလေးတွေလို့ပဲ ထင်ခဲ့မိပါတယ်။ နာရီပေါင်းများစွာရှာဖွေသွားပြီးနောက် ဥယျာဉ်အနီးရှိ ဓါတ်သတ္တုစစ်ဆေးရေးရုံးသို့ သွားပြစစ်ဆေးခဲ့ပါတယ်။

မကြာမှာပဲ သူရှာဖွေတွေ့ရှိထားသောစိန်တုံးကြီးက ၉.၀၇ ကာရက်ခန့်ရှိသော စိန်ရိုင်းစစ်စစ်ဖြစ်နေပြီး၊ ၎င်းဥယျာဉ်အတွင်း၌ ရှာဖွေတွေ့ရှိခဲ့ဖူးသော ဒုတိယအရွယ်အစားအကြီးဆုံးဖြစ်တဲ့ အကြောင်းလည်း စစ်ဆေးရေးဝန်ထမ်းများက သူ့ကို သတင်းကောင်းပါးခဲ့ပါတယ်။ စိန် ၉.၀၇ ကာရက်ရှိသည့်အပြင် တိုက်တိုက်ဆိုင်ဆိုင် ၉ လပိုင်း စက်တင်ဘာလ ၇ ရက်နေ့မှာ (၉/၇) ရှာဖွေတွေ့ရှိတဲ့အတွက် အရမ်းဝမ်းသာပျော်ရွှင်ပြီး မျက်ရည်တွေပါကျခဲ့ရပါတယ်။

မှတ်တမ်းအရဆို ၎င်းဥယျာဉ်တွင် ၁၉၀၆ ခုနှစ်ကတည်းကစပြီး စိန်အလုံးရေပေါင်း ၇၅,၀၀၀ ခန့်ရှာဖွေတွေ့ရှိသွားကြောင်း သိရှိရပါတယ်။ စီအန်အန်သတင်းဌာနတွင်လည်း ၂၀၁၅ ခုနှစ်တွင် ၎င်းဥယျာဉ်မှာ စိန်များရှာဖွေရန် လာကံစမ်းသွားခဲ့ဖူးသေးတယ်။ သို့သော်လည်း စိန်များမရခဲ့ဘဲ အိမ်ကိုလက်ဗလာပဲ ပြန်ခဲ့ရပါတယ်။

#popolaytv #popolay #popolaynews



Follow us on