1. Home
  2. International News

ထိုင်းတွင် လုံခြုံရေးအစောင့်လုပ်အားလခ အဆမတန်မြင့်မားသော သတင်းအချက်အလက်မှားယွင်း တင်မိသောဖြစ်ရပ် ဖြစ်ပွားခဲ့

International News ต.ค. 07, 2563 view 1,577

လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားသော အလုပ်ရှာဖွေရေးဝဘ်ဆိုက်တစ်ခုတွင် တချို့သောကုမ္ပဏီများက လုံခြုံရေးအစောင့်ဝန်ထမ်းများ အလုပ်ခေါ်ယူနေလျက်ရှိပြီး လျှောက်လွှာများစတင်လက်ခံနေကြောင်း လုပ်အားလခအားဖြင့် တစ်လလျှင် ဘတ် ၁၃၀,၀၀၀ အထိရရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ ပါတယ်။

ဤသတင်းပျံ့နှံ့သွားပြီး ရက်ပိုင်းအတွင်းပင် လုံခြုံရေးအစောင့်ဝန်ထမ်း လစာအဆမတန်မြင့်မားကြောင်း စိတ်ဝင်စားလုပ်ကိုင်ချင်သူတွေများပြားခဲ့ပြီး၊ အကျယ်တဝန်းလူစိတ်ဝင်စားခံရသော သတင်းတစ်ပုဒ်လည်း ဖြစ်လာခဲ့ပါတယ်။ သို့သော် လုံခြုံရေးအစောင့်ဝန်ထမ်းလစာ တစ်လလျှင် ဘတ်တစ်သိန်းကျော်ရရှိမည််ဆိုတဲ့သတင်းက သတင်းအမှန်မဟုတ်ကြောင်း ကုမ္ပဏီမှသတင်းအချက်အလက်မှားယွင်းတင်မိကြောင်း ယခုပြန်လည်ပြုပြင်လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ချက်ချင်းသတင်းပြန်လည်ထုတ်ပြန်ကြောညာလိုက်ပါတယ်။

လျှပ်တပြတ်ထုတ်ပြန်လိုက်သောသတင်းကြောင့် လစာကောင်းကောင်းမျှော်လင့်နေတဲ့ သူတွေရဲ့အိမ်မက်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားစေပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ ကုမ္ပဏီ ၃ ခုမှ အလုပ်ရာထူးငှားရမ်းရာမှာ သတင်းအချက်အလက်များ မှားယွင်းတင်မိသွားခြင်းဖြစ်ကြောင်း၊ အားလုံးကို သတင်းအချက်အလက်တိကျမှန်ကန်စွာ ပြန်လည်ပြုပြင်ပေးရန်အမိန့်ထုတ်ပြန်ထားသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ထို့အပြင် စီရင်စုနှင့်မြို့နယ်အသီးသီးရှိ အလုပ်ရှင်များနှင့် ခန့်အပ်လိုရန်အလုပ်နေရာများ၊ လခနှုန်းထားများ အစရှိသည်တို့ကို တိကျမှန်ကန်သောသတင်းအချက်အလက်များ ဆောင်ရွက်နိုင်ရန်အတွက်လည်း မှာကြားသွားခဲ့ပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်ရှာဖွေရေးပလက်ဖောင်းတစ်ခုဖြစ်သော ၎င်း ဝက်ဘ်ဆိုက်သည် အများပြည်သူများ အလုပ်အကိုင်လေ့ကျင့်ရေးသင်တန်းများပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေရန်အတွက် ရှင်းလင်းမြင်သာသော သတင်းအချက်အလက်များ ရှာဖွေစုဆည်းထားကာဖြစ်ပြီး၊ နေရာဒေသအလိုက်၊ ကိုယ့်ရဲ့ကျွမ်းကျင်ရာကျွမ်းကျင်သော အလုပ်အတွေ့အကြုံနှင့်အလိုက် ကိုက်ညီသောအလုပ်အကိုင်များကို ရရှိရန်ဖြစ်ပြီး၊ စိတ်ဝင်စားသူများအတွက် သတင်းအချက်အလက်အသေးစိတ်သိရှိလိုပါက ဝင်ရောက်ကြည့်ရှုရန်လည်း ဖိတ်ခေါ်ထားပါတယ်။

#popolaytv #popolay #popolaynews



Follow us on