1. Home
  2. International News

စာပေဆိုင်ရာ နိုဘယ်လ်ဆု အမေရိကန် ကဗျာဆရာမ ရရှိ

International News ต.ค. 09, 2563 view 1,630

ယခုနှစ် စာပေဆိုင်ရာနိုဘယ်လ်ဆုကို အမေရိကန်ကဗျာဆရာမ လူးဝစ်ဂလပ်ခ်အား ချီးမြှင့်လိုက်ကြောင်း သိရသည်။ စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ဆွီဒင်အကယ်ဒမီ၏ အမြဲတမ်းအတွင်းဝန် မတ်စ်မာလမ်းက စတော့ဟုမ်းမြို့တော်၌ ကြေညာခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ ပြည့်နှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ထင်ရှားပေါ်လွင်တဲ့ ကဗျာစပ်ဆို မှုကြောင့် အမေရိကန် နိုင်ငံသူ ကဗျာဆရာမ လူးဝစ်ဂလပ်ခ်ကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ လူးဝစ်ဂလပ်ခ်မှာ အမေရိကန်ခေတ်ပြိုင်စာပေနယ်ပယ်၌ အထင်ရှားဆုံး ကဗျာဆရာများအနက် တစ်ဦးဖြစ်ကြောင်း ဆွီဒင် အကယ်ဒမီက ပြောကြားသည်။ အသက် ၇၇ နှစ်အရွယ် လူးဝစ်ဂလပ်ခ်မှာ ကဗျာစာအုပ် ၁၂ အုပ်နှင့် အက်ဆေးစာအုပ်များ ပုံနှိပ်ထုတ်ဝေခဲ့သည်။

သူ၏ကဗျာများသည် ငယ်စဉ်ကလေးဘဝနှင့် မိသားစုဘဝများကို ထင်ဟပ်မှုရှိခဲ့သည်။ လူးဝစ်ဂလပ်ခ်သည် နာမည်ကျော် ယေးလ်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာသင်ကြားပြီး ပူလစ်ဇာဆုနှင့် အမျိုးသား စာပေဆုအပါအဝင် ဂုဏ်သိက္ခာကြီးမားသော ဆုပေါင်းများစွာ ရရှိခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - ကျော်ထိုက်စိုး/MDN



Follow us on