1. Home
  2. International News

တိမ်းမှောက်လုဆဲဆဲ အခြေအနေဆိုက်ရောက်နေသည့် ဗင်နီဇွဲလားရေနံတင်သင်္ဘော

International News ต.ค. 23, 2563 view 1,534

ထရီနီဒက်အန်တိုဘားကိုးရဲ့ ပါရီယာပင်လယ်ကွေ့မှာ ရေနံစိမ်းစည်၁သန်းကျော် တင်ဆောင်လာသော သင်္ဘောဟာ တိမ်းမှောက်လုဆဲဆဲ အခြေအနေနဲ့ ရင်ဆို်ငနေရပြီး အချိန်မီမထိန်းနိုင်ရင် ဒေသတွင်းရဲ့ သဘာ၀ပတ်ဝန်းကျင်ကို ပျက်စီးစေဖို့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဗင်နီဇွဲလားရဲ့ ရေနံတင်သင်္ဘောဟာ ပျက်စီးမှုတွေဖြစ်စပြုနေပြီး ပင်လယ်တွင်းက အခြေအနေကို မျက်မြင်တွေ့သူတွေက ပြန်တင်ခဲ့ကြတာ ဖြစ်ပါတယ်။

သင်္ဘောအမည်က နာဘာရီမာဖြစ်ပြီး ၂၆၄မီတာရှည်လျားကာ ဗင်နီဇွဲလားကမ်းလွန် - ထရီနီဒက်အန်တိုဘားကိုး ရေပြင်မှာ ရှိနေတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်က ရေနံတွေကို အပြောင်းအရွေ့မလုပ်ရင် သင်္ဘောနစ်မြုပ်သွားတဲ့အခါ ညစ်ညမ်းမှုတွေ ဖြစ်လာနိုင်ကြောင်း သိရပြီး ဒီသင်္ဘောကို PDVSAက ၇၄%နဲ့ အီတလီကုမ္ပဏီ Eni S.p.Aက ၂၆%ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အခုအခါ သင်္ဘော၂စင်းကို ရေနံတွေကဲ့ဖို့ စေလွှတ်ပြီး ဖြစ်ကြောင်းသိရပြီး၊ ဗင်နီဇွဲလာအနေနဲ့ တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း ၃.၂သန်းထုတ်လုပ်နေကြောင်းလည်း သိရပါတယ်။

Source - AFP MRTV



Follow us on