1. Home
  2. International News

ဩစတြေးလျ မဲလ်ဘုန်းတွင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုမရှိ

International News ต.ค. 27, 2563 view 1,632

ဩစတြေးလျနိုင်ငံအနေနဲ့ ကိုဗစ်ဒုတိယလှိုင်း ကမ္ဘာမှာကျရောက်နေပြီ ဆိုကတည်းက စည်းကမ်းတင်းကျပ် မှုတွေကို မြို့ကြီးတွေမှာ အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။ စည်းကမ်းလိုက်နာကြတာခြင်းတော့ မြို့တွေမှာ ကွဲပြားကြပါတယ်။ ဖြစ်တဲ့မြို့ရှိသလို ကူးစက်မှုမရှိတဲ့ မြို့လည်းရှိနေတာပါ။

ဗစ်တိုးရီးယားက မဲလ်ဘုန်းမြို့မှာ လအတန်ကြာ စည်းကမ်းများတင်းကျပ်ခဲ့ပြီး ယခုတော့ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှု လုံး၀မရှိကြောင်းသိရပါတယ်။ တစ်ချိန်ကတော့ မဲလ်ဘုန်းဟာ ဩစတြေးလျရဲ့ ကူးစက်မှုဗဟိုချက်တောင် ဖြစ်ခဲ့တာပါ။ ပြည်သူတွေ စည်းကမ်း လိုက်နာမှု ရှိမရှိကို ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးလျက်လည်း ရှိပါတယ်။

အစိုးရရဲ့ စည်းကမ်းတင်းကျပ်မှုနဲ့ ပြည်သူ တွေရဲ့ လိုက်နာမှုကြောင့် လူပေါင်း၂၅သန်း ရှိသော ဩစတြေးလျမှာ ကူးစက်မှုက လက်ရှိအချိန်ထိ ၂၇၅၀၀ ရှိပြီး သေဆုံးမှုက ၉၀၅ ဦးရှိပြီ ဖြစ်ပါတယ်။

Source – AFP MRTV



Follow us on